iPhone အသစ်က စက်တင်ဘာ ၁၈ ဆိုပဲဗျ
ဂျာမနီ နိုင်ငံရဲ့ မီဒီယာမှာ ထွက်လာတာက စက်တင်ဘာ ၁၈ ရက်နေ့မှာ သူတို့ နိုင်ငံရဲ့ phone carrier အနည်းဆုံး ၂ ခု က iPhone အသစ်ကို ရောင်းဖို့ အဆင်သင့် ဖြစ်နေပြီတဲ့။
iOS 9 နဲ့ ပတ်သက်ရင်လည်း အဲဒီ သတင်း source ကပဲ September 16 ရက်လို့ ပြောထား ပြန်ရောဗျ။
ပြီးခဲ့တဲ့ နှစ်က iPhone 6 နဲ့ 6 Plus ကို စက်တင်ဘာ ၉ ရက်နေ့မှာ ချပြတယ် ၊ pre-order ကို စက်တင်ဘာ ၁၂ မှာ စယူတယ် ၊ ပြီးတော့ စက်တင်ဘာ ၁၈ မှာ စရောင်းခဲ့တာပါ။ ဒါဆိုရင် သေချာပြီ မနှစ်က pattern ကို ပြန်သွားနေတာ။
အသစ်ထွက်မယ့် iPhone 6s ၊ 6s Plus နဲ့ ပတ်သက်လို့တော့ Force Touch display technology, ပိုမြန်တဲ့ A9 CPU, 2GB RAM, 4K video recording လုပ်နိုင်တဲ့ 12 MP rear camera ၊ selfie ရေစီးကြောင်းအတွက် 5 MP front camera လို့ specification တွေ သတင်းထွက်ထားတာ ရှိတဲ့ အပြင် ၊ အသစ် ထွက်မယ့် iPhone 6s, 6s Plus က Force Touch display ကြောင့် လက်ရှိ iPhone တွေ ထပ် နည်းနည်း ပိုထူမယ် ဆိုတဲ့ သတင်းလည်း ရှိပါသေးတယ်။ Force Touch technology က တော့ screen ပေါ်မှာ လက်နဲ့ ဖိတဲ့ အခါ ဖိတဲ့ အားပေါ်မူတည်ပြီး လုပ်ဆောင်ချက် အမျိုးမျိုး လုပ်ဆောင်ပေးနိုင်မယ့် နည်းပညာပါ။
Update
နည်းနည်းပိုထူရတဲ့ အကြောင်းက လက်ရှိ iPhone မှာ bendgate လို့ ပြောကြတဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာ များရင် ကွေးသွားတယ် ဆိုတဲ့ ပြသနာကို ရှင်းနိုင်ဖို့ လို့လည်း ပြောကြပါတယ်ဗျာ။
Myanmar Lifestyle ကတော့ အခု iPhone 6s နဲ့ 6s Plus cover တွေ ဝယ်လို့ ရနေပြီမို့ ထွက်တာနဲ့ သုံးလို့ ရအောင် မှာထား ပြီးကြောင်းပါဗျာ
😀 🙂
Source, Photo: Redmondpie