Samsung 18.4 inch tablet က တကယ်လား
ပြီးခဲ့တဲ့ သတင်းပတ် တွေက စပြီး Samsung က 18.4 inch tablet ထုုုတ်မယ် ဆိုတဲ့ သတင်းရှိနေခဲ့ပြီး ၊ အခုတော့ specification တွေပါ ထွက်လာတော့ တကယ်ပဲ ထုတ်တော့မှာလား သို့လော … သို့လော ပေါ့..
18.4 inch tablet ဆိုတော့ တော်ရုံတော့ မဟုတ်ဘူးဗျ။ Samsung က ဘယ််လို user မျိုး အတွက် ရည်ရွယ်ထားလဲတော့ မပြောတတ်ဘူးလေ .. နော
လောလောဆယ်ထွက်လာတဲ့ specification တွေကတော့ model number က SM-T670, TFT LCD touch screen ကိုမှ 1080p resolution ပဲ ဗျ။ Pixel density ကတော့ 199 ppi ၊ processor ကတော့ Exynos 7580 SoC ကို 1.6 GHz octa-core CPU, 2GB RAM, 32 GB expandable storage လို့ ပြောကြတာပါ။
ကင်မရာ … ၊ ဒီ size ကြီး tablet ကြီးနဲ့ ကင်မရာ ကတော့ နည်းနည်း စဉ်းစား စရာ ပဲဗျ။ ဒါကြီး ကုုိင်ရိုုက်ဖုုိ့လည်း သိပ် အဆင်မပြေပေမယ့် ၊ မပြောတတ်ဘူးလေ ၊ 😛 😀 Rear camera က 8 megapixel ၊ front camera က 2.1 megapixel ၊ ဘက်ထရီကတော့ 5,700 mAh ဆိုပြီး သတင်းထွက်နေတာပါ။
အရွယ်အစားက သတင်းထွက်ထားတဲ့ အတိုင်းဆိုရင်တော့ 451.8 x 275.8 x 11.9 mm ရှိမှာပါ။
စျေးနဲ့ တခြား အတိအကျတော့ မသိရသေးဘူးဗျ။ ပြီးတော့ ဒီရက်ပိုင်း Samsung က 12 inch Windows tablet ထုတ်မယ် ဆိုတဲ့ သတင်းလည်း ရှိနေတော့ Samsung က လတ်တလော size ကြီးတွေ စိတ်ဝင်စားနေဟန် တူပါရဲ့ ဗျာ။
🙂 😀