Note 5 – Design Flaw အမှတ် ၁

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို

Note 5 ရဲ့ S Pen လေးကိုများ ယောင်လို့ ပြောင်းပြန် မထည့်မိလိုက်နဲ့ ဗျ။ တကယ်ကြီးကို ပျက်ပြီ ၊ ၈ သိန်းကျော် ဖုန်းက အမှန်ကို နမြောစရာကြီး ဖြစ်တော့မှာ။

ဒီလိုဗျ။ Note 5 ရဲ့ S Pen ကို ပြောင်းပြန် မသိမ်းမိပါစေနဲ့ လို့ Note 5 ရဲ့ manual မှာ ရေးထားတယ်လို့ပြောပေမယ့် ၊ manual ဆိုတာက ဖတ်တဲ့သူ ဘယ်မှာ ရှိလို့တုန်း ၊ ပြီးတော့ ပြောင်းပြန်ဆိုတာလည်း မတော်တဆ ထည့်မိ နိုင်တဲ့ ကိစ္စပဲကို …

ဘာမဟုတ်တာလေးနဲ့ ကြီးကြီးမားမား ဆုံးရှှုံး နိုင်လို့ မစမ်းပါနဲ့ လို့ ကြိုပြီး ပြောပါရစေခင်ဗျ။

9 to 5 Google က uBraekiFix နဲ့ ပေါင်းပြီး စမ်းသပ်မှု အသေးစိပ် ရေးထားတာ ရှိတာကို Myanmar Lifestyle Online Store က ပြန် မ ျှဝေ ပါရစေဦးဗျ။

ဒီလိုဗျ ၊ Note 5 မှာ S Pen နဲ့ ပတ်သက်လို့ အောက်က ပုံ အတိုင်း lever ၂ ခုု ရှိတယ် ပြောပါတယ်။

blog-spen-flaw-2

S Pen ထည့်သိမ်းလိုက်ရင် ညာဖက်မှာ ပထမဆုံး တွေ့ရတာက lever 1 ဆိုပါစို့ ၊ အဲဒီ lever လေးက main logic board အောက်မှာ သေးသေးသွယ်သွယ်လေး ရှိနေပြီး အပေါ်ကို ထောင်ထားတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီ lever က S Pen detection အတွက် အရေးပါဆုံး ဖြစ်ပြီး ၊ Note 5 မှာမှ ရတဲ့ screen-off memo လုပ်ဆောင်ချက် ကို ထိန်းပေးသလို ၊ Air Command menu ကိုလည်း ဒီ lever က ပဲ ထိန်းပေးတာပါ။

နောက် lever က ထိပ်ပိုင်းမှာ ရှိတဲ့ plastic clip လေး ပါ။ Note 5 ရဲ့ S Pen ထိပ်လေးမှာ ရှိတဲ့ နေရာလေးနဲ့ (အောက်ပုံအတိုင်း) ဒီ clip လေး နဲ့ ချိတ်ပြီး အလုပ်လုပ်တာပါ။

blog-spen-flaw-3

ကဲ S Pen ကို ပြောင်းပြန် ထည့်သိမ်းမိလိုက်ပြီ ဆိုပါစို့ ၊ lever 1 ကို ဖြတ်တယ် ၊ lever 2 ကို ရောက်တယ် ၊ အောက်က ပုံ ကို လေ့လာကြည့်ရအောင်

blog-spen-flaw-4

သွားပြီ… အဝင်ကတော့ ဖြောင့်ဖြောင့်ပဲ ၊ အတွင်းမှာ clip တွေနဲ့ ညှိသွားတဲ့ အချိန်မှာ ပြီးပြီ ၊ ဘယ်လိုမှ ပြန်ထုတ်လို့ မရတော့ဘူး ၊ ကဲ … အားလုုံး ဖြုတ်ပြီး ထုတ်မယ် ဆိုရင်တောင် lever 1 က ကြိုးသွားပြီ။ သူ့ design က S Pen အမှန် ထည့်ဖုုိ့ပဲ လုပ်ထားတဲ့ အပြင် မ ျှင်မ ျှင်လေးပဲမို့ ပြောင်းပြန် ထည့်မိလိုက်တာနဲု့ကိုု ကြိုးသွား ပါပြီ။

(ဘယ်) ကြိုးပြီး ၊ (ညာ) အကောင်းပကတိ ရှိတဲ့ချိန် :P :D
(ဘယ်) ကြိုးပြီး ၊ (ညာ) အကောင်းပကတိ ရှိတဲ့ချိန် 😛

ပုံမှာတွေ့ရတဲ့ အတိုင်း lever လေးက သေးသေးမ ျှင်မ ျှင်လေးတွေ ၊ အဲ့ဒါ အပြင် တပ်ထားတဲ့ နေရာကလည်း main logic board နဲ့ မလွတ်မကင်း ၊ ဒါကြောင့် ကြိုးသွားပြီးရင်တော့ company level မှပဲ ပြင်လို့ ရပြီး ၊ ပြင်ဖို့ ဆိုုတာထက် အသစ်တစ်လုံး လဲပေးဖို့ပဲ ရှိတာပါ။ ပြီးတော့ ဒီလို S Pen ကို ပြောင်းပြန် သွင်းမိတာက user fault လို့ သတ်မှတ်လို့ ရတော့ warranty ကလည်း အကျံုးဝင်ပါ့မလား မပြောတတ်ဘူး ခင်ဗျ။

blog-spen-flaw-6

ဒါကြောင့် ရှေးလူကြီးတွေအမြဲပြောတာ ၊ ပစ္စည်း အသစ်ရလာရင် manual အရင်ဖတ်ပါဆို (ကျွန်တော့် အဖိုးတောင် သွားသတိရမိသေးတယ်ဗျာ)

ပြောင်းပြန် သိမ်းမိရင် လုံးလုံး ပျက်ရောလား ဆိုတော့လည်း မဟုုတ်ဘူး ပေါ့လေ ၊ S Pen နဲ့ ဟောသလုုိ ၊ ဟောသလိုု သုံးလို့ရတဲ့ function တွေ မရတော့ဘူးပေါ့။ ဖုန်းကတော့ အကောင်းပတိ ရှိနေဦးပေမယ့် ၊ ဒီ S Pen function တွေ ကြောင့်ပဲ Note ဖြစ်နေတာ ကိုး.. အဲ့လိုသာ ကျိုးပဲ့သွားပြီးရင်တော့ Setting ထဲမှာ Pen detection ကို သွား off ထားမှပဲ အဆင်ပြေပါတော့မယ် ခင်ဗျ။

blog-spen-flaw-7

အော် ဒီလို ကျိုးသွားတာမျိုးက S Pen ပြောင်းပြန် သိမ်းမှ မဟုတ်ရယ်ပဲ ၊ တခြား S Pen မဟုတ်တဲ့ ပစ္စည်းတွေ ထိုးမိရင်လည်း ကျိုးသွား နိုင်လို့ အကယ်၍ ကလေးတွေ ရှိရင်လည်း သတိထားဦးဗျ။ ကိုယ်ကိုုယ်တိုင် ဆော့တတ်တယ် ဆိုရင်တော့ ရှိစေတော့ …. ရှိစေတော့…

😀 🙂

Source: 9to5Google
Photo Credit also goes to 9to5Google

blog-ad-banner-rk-vent-holder

Leave a Reply

Your email address will not be published. Required fields are marked *