iPhone 6s ကင်မရာနဲ့ ပတ်သက်လို့ ကြားရသမျှ

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

အသစ်ထွက်မယ့် iPhone 6s နဲ့ 6s Plus က ကင်မရာ ကို အဆင့်မြင့်ထားမယ် ဆိုပဲဗျ။ iPhone 4s ကတည်းက မတိုးတဲ့ megapixel က ဒီတစ်ခေါက်တော့ တကယ် တိုးတော့မယ်လို့ သတင်းထွက်ပါတယ်ဗျာ။ သတင်းတွေ အရတော့ အသစ် ၂ မျိုးလုံးမှာ 8 megapixel sensor အစား 12 megapixel sensor တွေ ဖြစ်တော့မှာပါ။

12 megapixel ဆိုတော့ အရင်ထက် size ပိုပြီး ကြီး ၊ resolution ပိုကောင်းတဲ့ ပုံတွေ ရိုက်နိုင်တော့မှာပေါ့ ၊ ဒါအပြင် upgrade လုုပ်ထားတဲ့ image signal processor က A9 processor အသစ်နဲ့ လက်တွဲမှာမို့ ၊ wash out ဖြစ်တဲ့ ပုံတွေ ၊ quality ကျတဲ့ ပုံတွေ နည်းသွားတော့ မယ်လို့ မှန်းဆ ကြတာပါပဲလေ။

အသစ်တွေ ဖြစ်သွားတာ နောက်ကင်မရာတင် မဟုတ်ဘူး ဆိုပဲဗျ။ Selfie တို့ wefie တို့ groupfie တို့ အတွက် ရှေ့ကင်မရာကလည်း မွန်းမံထားပေးတယ်လို့ သတင်း source တွေက ပြောပါတယ်ဗျာ။ Image sensor ကို upgrade လုပ်ရုံတင် မဟုတ်ပဲ ၊ flash ပါလာမယ်လို့ သတင်းထွက်တာပါ။ ဆရာ့ဆရာ တွေက iOS9 beta တွေမှာ iPhone အသစ်ဆိုရင် ရှေ့မှာ flash ပါမယ်ဆိုတဲ့ code တွေ တွေ့ထားလို့လို့ပြောတာပဲ ခင်ဗျ။ တချို source တွေကျ ပြန်တော့လည်း ရှေ့ကင်မရာကို သုံးလိုက်တာနဲ့ screen က ခဏလေး ဖြူသွားပေမယ် ဆိုပဲ ၊ အလင်းပါးပါးလေး ပေးတဲ့ သဘောပေါ့ ၊ မပြောတတ်ဘူးဗျ။ တကယ် ထွက်ရင်တော့ ဘာတွေ ဘယ်လိုဖြစ်မယ် ..

လောလောဆယ်တော့ ကြားမိသလောက်လေး..

အော် .. ထွက်ရင် Rose Gold color လည်း အသစ်ပါမယ် ဆိုပဲဗျ

🙂 😀

Source: 9to5Mac

Leave a Reply

Your email address will not be published. Required fields are marked *