Nexus တွေ တကယ်လာပြီ
~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို …
အသံတွေထွက်နေတဲ့ Google ရဲ့ Nexus ဖုန်း အသစ်တွေကတော့ ပုံပေါ်သလောက်ရှိလာပြီ ခင်ဗျ။ Google ကလည်း ပွဲကျင်းပမယ့် ရက် ၊ အချိန်တွေကို official ဖိတ် နေပါပြီ။ ၂၉ ရက်နေ့ ဆိုပါတော့ဗျာ။ ကျွန်တော်တို့ ဆီမှာတော့ ည ဖြစ်မှာပေါ့။ ဖိတ်ထားတဲ့ အထဲမှာ အောက်ဆုံး အကြောင်းက hand-on time တွေ ရှိမယ် ဆိုတော့ ကိုင်ကြည့်လို့ ရတဲ့ ပစ္စည်းသစ်တွေ ကတော့ သေချာ ပါပြီပဲ…
သူတို့တွေ ပြောနေတဲ့ LG က တစ်လုံး ၊ Huawei က တစ်လုံး ဆိုတာ အမှန်ပဲ ဖြစ်ဖို့ များပါတယ်။ LG က တော့ Nexus 5X တဲ့ ၊ Huawei ကတော့ Nexus 6P တဲ့ ၊ ဆရာတွေ ခုကတည်းက မှန်းဆပြီး နာမည်တွေ ပေးထားနှင့်ပြီ။
အပေါ်ပုံကတော့ LG ရဲ့ Nexus 5X ပဲ ဖြစ်ဖို့ သေချာသလောက် ရှိနေပါပြီ။ နောက်ဖက်မှာ dual-LED flash, fingerprint reader ကတော့ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပဲ ခင်ဗျ။ မမြင်ရပဲ ရမ်းတုတ်ကြတဲ့ ဆရာတွေကတော့ ဒီဖုန်း နောက်ဖက်ကို ကြည့်ပြီး 5.2 inch screen ဖြစ်မယ်လို့ မှန်းကြပါတယ်။
နောက် Huawei ဖက်မှာတော့ ဒီပုံလေး leak ဖြစ်ထားတာ ရှိတယ်ခင်ဗျ။ 5.7 inch ဖြစ်မယ်လို့ ပြောကြပါတယ်။ ဒီ Huawei Nexus 6P မှာ storage က 128GB နဲ့ ဝယ်လို့ ရမယ်ဆိုတဲ့ သတင်းထွက်ရှိပါတယ်။ ပုံမှန်အတိုင်း 32GB, 64GB စသဖြင့် ထုတ်ဖို့ ရှိပြီး ၊ တစ်မျိုးနဲ့ တစ်မျိုးကို ဒေါ်လာ ၅၀ ၊ ၁၀၀ စသဖြင့် ကွာသွားမယ်လို့ ပြောကြတာပါပဲ လေ…
၂၉ ရက်နေ့မှပဲ အတိအကျ သိရတော့မှာ
Source: Redmond Pie, GSM Arena