လာပြီဗျိို့ … Apple ရဲ့ ပွဲ
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
ကဲ .. ကဲ … ပန်းသီးပွဲတော်ကြီးကတော့ လာပါပြီ ၊ မတ်လမှာ ပွဲ ကျင်းပမယ် ဆိုပြီး သတင်းတွေ ထွက် ၊ FBI နဲ့ ကိစ္စ ရှင်းနေရလို့ နောက်ရွေ့မယ် သတင်းလည်း ထွက် နဲ့ ၊ အခုတော့ confirm ဖြစ်သွားပါပြီ။ March 21 မှာလုပ်မှာပါ ၊ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီဆိုတော့ ကျွန်တော်တို့ ဆီမှာ မိုးချုပ်ပေ့ါ။
ဒီပွဲနဲ့ ပတ်သက်ပြီး press invite တွေ official ထွက်လာပြီး ၊ ဖိတ်စာလေးကတော့ ဒီလိုလေးပါ..
Let us loop you in ဆိုလို့ ဘယ်လိုများ loop in မလဲ မပြောတတ် ၊ သေချာသလောက်ရှိနေတာကတော့ သတင်းတွေ ထွက်ထားပြီးတဲ့ iPhone SE ဆိုတာ ပြမယ် ၊ SE က screen ၄ လက်မ iPhone 5s ကိုယ်ထည်ထဲကို iPhone 6s ရဲ့ processor ၊ 12 megapixel camera ၊ 2GB RAM ထည့်ပြီး 3D Touch ကိုကျ “နင်မပါ” နဲ့ ဆိုပြီး ပြန်ထုုတ်ထားမယ့် iPhone အသေး ပါဆိုပြီး သတင်းထွက်ထားတဲ့ ဖုန်းပါ .. 😛 😀
ဒီ iPhone SE နဲ့အတူ 9.7 လက်မ iPad Pro ထွက်မယ်လို့လညး် သတင်းထွက်ပါတယ်။ တလောက ထွက်တဲ့ iPad Pro ကြီးက အကြီးကြီးလေ ၊ တော်ရုံဆို ကိုင်သွားဖို့ မဖြစ်နိုင်တာနဲ့ အခုု iPad Pro ကို 9.7 inch နဲ့ ထုတ်မယ် ၊ ဟို iPad Pro မှာ သုံးတဲ့ Pencil ကို ဒီမှာလည်း သုံးလို့ ရမယ်။ Apple က iPad Air 3 ဆိုတဲ့ နာမည် အစား iPad Pro လို့ ပြောင်းသုံးမယ် ၊ ဘာလို့လည်း ဆိုတော့ Pro ဆိုတဲ့ အသုံးအနှုန်းက ပိုပြီး ဆြာကြီး စတိုင် ပေါက်လို့ ဆိုတဲ့ သတင်းလည်း ရှိပါတယ်။
လောလောဆယ်တော့ iPad Pro အတွက် cover ဆိုတဲ့ ပုံ ကတော့ အပေါ်ကပုံအတိုင်း leak ဖြစ်ထားပါတယ်။ Cover ကို ကြည့်ရတာတော့ သူကလည်း ထွက်ထားပြီး တဲ့ iPad Pro လိုပဲ smart connector လည်း ပါတယ် ၊ iPad နဲ့ မင်္ဂလာဆောင်တွေမှာ ဓာတ် ထွက်ထွက်ရိုက်တာ ဝါသနာထုံ သူတွေ အတွက် LED Flash လေးလည်းပါမယ့် ပုံပဲဗျ။
ဒီနေ့တော့ ဒီလောက်ပါပဲဗျာ။ အားလုံး ပြန်နိုင်ပါပြီ …. ဟိဟိ 😀 😛
Source: Redmondpie, 9to5Mac