မှန်ပေါ်မှာ လက်ဗွေဖတ်ပေးမှာ
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
တလောကတောင် ကျွန်တော်တို့ ပြောကြသေးတယ် ၊ ဟုတ် ၊ iPhone အသစ်မှာသာ home button က သတ္တုဖြစ်ရင် fingerprint reader ကို မှန်မှာ ထည့်မှ ရမှာ ဆိုတာ ..
ဂု .. အမှန်ကြီးကို မှန်ထဲ ရောက်လာပါပြီဗျာ။ LG က အသစ်ပြလိုက်တဲ့ ဒီမှန်က အတွင်းဖက်မှာ ၀.၃ မီလီမီတာ မဆိုသလောက်လေး ပါးထားပြီး finger print reader ကို မြုပ်ထားလိုက်တာဗျ။
ဒီလို လုပ်လိုက်လို့ ဘာဖြစ်သလဲ ဆိုရင် fingerprint sensor ကိုလက်နဲ့ တိုက်ရိုက် မထိတော့သလို fingerprint sensor ကို အပြင်မှာ ထုတ်ထားစရာလည်း မလိုတော့လို့ ဖုန်းကို ရေစိုခံအောင်လုပ်တဲ့ နေရာမှာ ပိုပြီး အဆင်ပြေပြေ လွယ်လွယ် ကူကူ လုပ်လို့ ရလာမှာ ဖြစ်သလို ၊ home button ကို ခလုတ်နဲ့ မထားချင်ပေမယ့် fingerprint reader ကြောင့် ထားနေရတဲ့ ဖုန်းတွေလည်း ဒီဇိုင်းအသစ်တွေ ဖန်တီးလာနိုင်မယ်ဗျ။ ပိုပါး ၊ ပိုခေတ်မှီတဲ့ ဖုန်းတွေ ဖြစ်လာဦးမယ်ပေါ့လေ…
LG က မှန်သီးသန့် ထုတ်ပြီး ရောင်းမှာ မို့ ၊ ဒီ မှန်က LG ဖုန်း တစ်မျိုးထဲမှာပဲ တွေ့ရမယ်လို့ ယူဆလို့မရပဲ ၊ အခြား brand နဲ့ ဖုန်းတွေ မှာလည်း မှန်မှာ လက်တင်လိုက်ရုံနဲ့ ဖုန်း unlock လုပ်ပေးမယ့် smartphone တွေလည်း တွေ့လာရတော့မှာပါဗျာ။
ဒါနဲ့ ပြောရဦးမယ်ဗျ … ကျွန်တော်က မှန်ကို လက်နဲ့ ထိထိပြီး တစ်ခုခု ဖွင့်တာဆုုိ သိပ်သဘောကျတာ… Mission Impossible – Rogue Nation မှာပါတဲ့ ၊ ကားပြတင်းပေါက်မှန်ကို လက်နဲ့ ကပ်လိုက်တာနဲ့ fingerprint ဖတ်ပေးပြီး ကားတံခါး ဖွင့်ပေးတာမျျိး ပိုင်ချင်တာ… အနည်းဆုံးတော့ အရုပ်ကားလေး ဖြစ်ဖြစ်ပေါ့ … ဟိ .. 😛 😀
Source: Android Central