Android wear နဲ့ iOS အိုကေပြီ
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
ပြောပါရစေဦးဗျ…
iPhone သုံးပြီး Apple Watch ပတ်ချင်ပါဘူး ၊ ဟို Android နဲ့ နာရီ ဆန်းဆန်းလေးတွေ ပတ်ချင်တယ် ဆိုရင် အခု ဆန္ဒ ပြည့်ဝ သွားပါပြီဗျာ။
ဒီနေ့ပဲ Google က Android Wear for iOS ကို ဖြန့်ချီပေးလိုက်ပါပြီ။ ဆိုတော့ကား …
iPhone 5, 5c, 5s, 6, 6 Plus, အသစ်ထွက်လာမယ့် 6s တို့ 7 တို့ စသဖြင့် iOS 8.2+ တွေ ဆိုရင် app လေး ထည့် ၊ Android Wear တင်ထားတဲ့ နာရီတွေ ပတ်လို့ ရပြီပေါ့။
Google ရဲ့ blog မှာတော့ iPhone ရဲ့ phone call တွေ ၊ message တွေ ၊ notification တွေကို နာရီမှာ ကြည့်လို့ ရမယ်။ Fitness ဘာညာတွေ မှတ်ထားလို့ ရမယ့် ၊ OK Google လို့အော်ပြီး “Is it going to rain in Yangon this evening?” ဆိုတာမျိုး ဘိုလိုု ပြောပြီး ရာသီဥတုု ကြည့်ခိုင်းလို့ ရမယ် ၊ ရွာမယ်ဆိုရင်လည်း “Remind me to pack an umbrella.” ဆိုတာမျိုး ဘိုလိုပဲ ထပ်ပြောထည့်ပြီး ထီး သတိပေးခိုင်းလို့ ရတယ် (ခု Android ဖုန်းတွေမှာ သုံးလို့ ရသလိုပေါ့ ၊ မသုံးကြည့်ဖူးရင် စမ်းကြည့်နော ၊ တကယ်မိုက်တယ်။ ဘိုလိုပဲ ပြောလို့ ရမှာ 😛 😀 )
အော် .. ပြီးတော့ Google က ပြောသေးတယ် သူတို့ Android Wear watch က always-on display မို့ ၊ နာရီ သုံးဖို့ လက်ကောက်ဝတ်ကို ဟိုလှည့် ဒီလှည့် လှည့်စရာ မလိုဘူး ဆိုပဲ။ ဒါ ပန်းသီးကို သက်သက်ဖဲ့တာများဖြစ်မလား။
ပြီးတော့ ပုံထဲက နာရီက Huawei ပါတဲ့ ၊ ဒါလည်း စပွန်ဆာ ပါသေးတယ်။ ကြည့်ရတာ Google က Huawei နဲ့ တွဲမယ့် Nexus အသစ်ကို အတော် မျှော်လင့်ထားတဲ့ ပုံပဲဗျ။ ဒါကြောင့် Huawei ပါ ဆိုပြီး ခုကတည်းက လမ်းခင်းထားတာ (ထင်တာပဲလေနော)
ဘယ်လိုတွေ ၊ ဘာတွေ ဖြစ်ဖြစ် ၊ ခုလို စုပေါင်း စပ်ပေါင်းလုပ်လို့ ရပြီ ဆိုတော့ ကောင်းတာပေါ့။ Apple ရော ၊ Android ရော သုံးချင်ရင် အိုကေပြီလေ…
🙂 😀
Source: Official Android Blog