ဒါတွေ date အောက် သွားပြန်ပြီ
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
ပြောသာပြောရတယ် ၊ Apple ပစ္စည်းတွေက သက်တမ်းတော့ အတော်ရှည်သားဗျ။ မသုံးချင်လို့သာ ပစ်ထားဖြစ်ချင် ဖြစ်မယ် ၊ အတော်ကြာတဲ့ အထိ မပျက်ပဲ အကောင်းပဲ ရှိတတ်တာတော့ ငြင်းလို့ မရတာ အမှန်ပါပဲ။ ကျွန်တော့် Refurbished iPod Touch 1st generation လေးဆို ရ နှစ်လောက် ရှိရော့မယ် ထင်တယ် ၊ ကောင်းတုန်းပဲ။ ကြုံ ကြွားလေး … 😀 😛
ဒီနေ့ ပဲ Apple က Asia-Pacific, Canada, Europe, Japan, Latin America, the United States တွေနဲ့ Apple Retail Store တွေမှာ အခု ဒီ list မှာ ပြထားတဲ့ ပစ္စည်းတွေကို ဒီဇင်ဘာ ၈ ရက်နေ့ကစလို့ obsolete လို့ပြောပြော vintage လို့ ပြောပြော ၊ date out ပြီလို့ပဲ ဗွင်းပွင်းပဲ ပြောပြော… ရှင်းရှင်း လင်းလင်းကြီး သတ်မှတ်လိုက်ပါပြီ။
သဘောကတော့ အရေးကြံုလို့ မဖြစ်မနေ ထုတ်ပေးရမယ့် security update တွေကလွဲရင် Apple ကဘာ support မှ ပေးတော့မှာမဟုတ် သလို ၊ Apple ရဲ့ authorized support center တွေကလည်း ဒီ ပစ္စည်းတွေကို တာဝန်ယူ ပြင်ပေးတော့မှာ မဟုတ်ပါဘူးဗျာ။ ပိုက်ဆံ ပေးပ့ါမယ် ဆိုရင်တောင် unauthorized support ကိုပဲ ရှာကြရတော့မှာပါ။
Date out စာရင်းသွင်းခံလိုက်ရတဲ့ ပစ္စည်းတွေက ဒါတွေပါ။
- iMac (21.5-inch, Late 2009)
- iMac (27-inch, Late 2009)
- MacBook Air (Mid 2009)
- Mac Pro (Early 2009)
- MacBook (13-inch, Early 2008)
- MacBook Pro (15-inch, Early 2009)
- Apple Cinema Display (23-inch, DVI Early 2007)
- Time Capsule 802.11n (1st Generation)
- iPod touch (1st generation)
ဒါလေးတွေလည်း စာရင်းသွင်းခံရပေမယ့် ဘယ်သူမှ စိတ်ဝင်စားကြမယ် မထင်
- iBeats
- Beatbox
- Beatbox Portable (1st generation)
- Wireless (1st generation)
- Diddybeats
- Heartbeats (1st generation)
ဘာရယ် ၊ ညာရယ်တော့ မဟုတ်ဘူးရယ်။ ကျွန်တော်တို့ဆီမှာလည်း အရင်ကတည်းက unauthorized service center တွေမှာပဲ ပြကြတာ များလို့ ဒီလို date out သတ်မှတ်လည်း သိပ်တော့ မှုမယ် မထင်၊ authorized service center မှ မရှိပဲလို့ မဆိုလေနှင့်နော် … ရှိပါ့ ၊ ကြေငြာ်ဖြစ်သွားမှာ ဆိုးလို့ မပြောတော့ပေါင်၊ ကိုယ့်ဖာသာကိုယ် စုံစမ်းချည်..
🙂 😀
Source: Redmondpie