Facebook က နေ တိုက်ရိုက် reply ပြန်လို့ ရတော့မယ်
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
ဒီလိုုလေ … ကျွန်တေ်ာတို့ဆီကို Facebook comment မှာ တင်ထားတဲ့ ပစ္စည်းနဲ့ ပတ်သက်လို့ လာမေးတယ် ၊ ဒါဆိုရင် အခု အချိန်ထိက comment အောက်မှာပဲ reply ပြန်ရတယ်။ တချို့ကလည်း message ကို ဝင်ရမှာ ရှည်တာနဲ့ comment မှာပဲ phone no. ကြီး ပေးထားခဲ့တော့ ကျွန်တော်တို့လည်း customer privacy ကို ထိခိုက်မှာ စိုးလို့ မှတ်ပြီးတာနဲ့ ချက်ချင်း ဖျက်ပစ် … အဲ့လို လုပ်ပေးနေတာပါ။
တချို့ကျတော့ ပုံတွေ ထပ်ကြည့်ချင်တယ် ၊ comment အောက်မှာ ပုံတွေ တထွေးကြီး တင်လိုက်ပြန်တော့လည်း အခြားသူတွေ အတွက် အနှောင့်အယှက် ဖြစ်ရပြန်ရော။
ဟော…. ခုများ အိုကေမှာ ဆိုပြေတော့မယ်။ အောက်က ပုံက အတိုင်းပေါ့..
ပုံမှန် အရင်က ၊ ကျွန်တော်တို့ Page ဖက်ကနေ Like, Reply ပဲ လုပ်လို့ ရပြီး မကြာခင်မှာ Message ဆိုတာပါ ပါလာတော့မှာ။ အဲဒီ message ကို နှိပ်ရင် ဒန့်… တန်..တန် … customer နဲ့ ဟောသလို… ဟောသလို အပြန်အလှန် chat လို့ ၊ ရောင်းလို့ ရပြီလေ … ဟဲဟဲ 🙂 😀
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ Sponsored Ad တွေမှာလည်း Send Message ဆိုတာ ပါလာဦးမှာ။ ဒါဆိုရင်လည်း Facebook က ထွက်စရာ မလိုပဲ ကျွန်တော်တို့နဲ့ အပြန်အလှန် ပြောလို့ ရတော့ ဘယ်လောက် အဆင်ပြေလိုက်သလဲဗျာ … နော် 😀 😀
Source: Facebook