Galaxy O7
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
Galaxy O7 ဆိုပြီး Samsung ဖုန်း အသစ် တစ်မျိုး သတင်းထွက်ပြန်ပါတယ် ခင်ဗျ။ Mega On လို့လည်း နာမည် ပေးနိုင်တယ် ဆိုတဲ့ လောလောဆယ် ဒီ O7 ဖုန်းက ကြည့်ရတာ လက်ရှိ Mega ဖုန်းတွေရဲ့ မျိုးဆက်သစ် ဖြစ်ဖို့ များပါတယ်။
သေချာတာကတော့ သတင်း ထွက်လာတဲ့ specification တွေ အရ အလယ်လတ်တန်းစား mid-range ကို ဦးတည် နေတာပါ။ Snapdragon 410 processor, 1GB RAM ဆိုတော့လေဗျာ နော်။
ဒါက လက်တလော ကျွန်တော်တို့ နိုင်ငံနဲ့ အတူ တခြား အရှေ့တောင်အာရှ နဲ့ အာဖရိက နိုင်ငံ တွေမှာ mid-range တွေမှာ Xiaomi တို့ Huawei တို့ က Samsung နေရာကို လုယူလာတဲ့ အပေါ် Samsung က တုန့်ပြန်ဖို့ စီစဉ်တာလို့လည်း သတင်းရပ်ကွက်တွေ ၊ မြို့နယ် တွေက ပြောပါသေးတယ်။
သတင်းထွက်ထားတဲ့ 13 megapixel camera ဆိုတော့လည်း ဟုတ်သလိုတော့ ရှိသားဗျ။ mid-range ဖုန်းမှာ ဒီလို camera ကို ရင်းနှီးမြုပ်နှံထားတာ သာမန်ကိစ္စတော့ မဟုတ်ပေဘူးကိုး.. screen ကလည်း 5.5inch HD (1280 x 720 pixel) ဆိုတော့ ကျွန်တော်မှန်းတဲ့အတိုင်း Mega ရဲ့ တတိယ မျိုးဆက်ဖြစ်ဖို့ သေချာ သလောက် ရှိပါတယ်။
ဒေါ်လာ ၂၀၀ လောက် ဖြစ်မယ်လိုု့ မှန်းကြတော့ ပုံထဲက အတိုင်း glass back တော့ ဖြစ်ဟန် မတူဘူးဗျ။ အဲ့လိုသာဆုုိရင်တော့ ကောင်းတာပေါ့ဗျာ။
လောလောဆယ်တော့ လေထဲတိုက်ဆောက် ၊ ဘာမှန်း တိတိကျကျ မသိသေးဘူး ခင်ဗျ။ နှစ်ကုန်မဟုုတ်ရင် ရှေ့နှစ်လောက်မှ ဖြစ်ဟန်တူပါရဲ့ဗျာ။
🙂 😀
Source: Digital Trends