HTC A9 ဆိုလား

~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို

HTC က Aero – A9 တဲ့ ၊ သတင်းတွေ ထွက်နေတာ ကြာပြီ ၊ ခုုမှ ပုံထွက်လာတာ။ ထုံးစံ အတိုင်း တရုတ်ဖက်က leaker တွေပေ့ါဗျာ။ ပုံကို ကြည့်ကြည့် ၊ iPhone နဲ့ ချွတ်စွတ်ပဲ ၊ ကင်မရာလေး အလည်ကို ရွေ့ထားတာရယ် ၊ ပန်းသီး logo လေး အစား HTC ဖြစ်နေတာရယ်ပဲ ၊ ကျန်တာ ဘယ်လို ကြည့်ကြည့် iPhone နဲ့ အတော် တူသား ဗျ။

HTC က ဒီဖုန်းကို အောက်တိုဘာမှာ ကြေငြာပြီး နိုဝင်ဘာမှာ စရောင်းမယ်လို့ သတင်းထွက်ထားတာပါ။

Specification တွေ အနေနဲ့တော့ ဘာမှ သေချာ ရေရာ မသိရသေးပေမယ့် QHD touch screen, Gorilla Glass 4, 2.5D curved edge, f/1.9 aperture နဲ့ နောက်ကင်မရာ စတဲ့ သတင်းတွေတော့ ထွက်ထားပါတယ်ဗျာ။

🙂 😀

Source: GSMArena

Leave a Reply

Your email address will not be published. Required fields are marked *