HTC ရဲ့ O2 ဆိုလားပဲဗျ
HTC က လက်ရှိ M9 ရဲ့ နောက်ဆက်တွဲ ဖုန်း အတွက် စိုင်းပြင်းနေပြီလို့ သတင်းတွေ ထွက်လာပါတယ်ဗျာ။
လက်ရှိက M9 ဆိုတော့ နောက်ဖုန်းက M10 ပေါ့။ မဟုတ်တော့ဘူးတဲ့…
HTC က M တွေကို စိတ်ကုန်သွားပြီ .. အသစ် ဖြစ်အောင် O2 လို့ နာမည်ပေးမယ်လို့ သတင်းရှိနေတာပါ။ UK ရဲ့ mobile network O2 နဲ့လည်း နာမည် တူနေနတာမို့ ၊ အဲ့ဒီ O2 နဲ့ပဲ လက်တွဲသလား မပြောတတ်ဘူး ခင်ဗျ။
တရုတ်ဖက်က leaker ဆရာ တွေကတော့ O2 က ဘောင်ပျောက်သလောက် ရှိမယ့် ၆ လက်မ (ဟုတ်ပါတယ် ၊ အကြီးစား ၆ လက်မ) ဖုန်းဖြစ်ပြီး 2K resolution (2560 x 1440 pixels) ဖြစ်မယ် ၊ 64GB နဲ့ 128GB ၂ မျိုး ထုတ်မယ် ၊ နောက်ကင်မရာက 20.7 megapixels ၊ ရှေ့ကင်မရာက 5 megapixels ၊ battery က 3500 mAh လုုိ့ မှန်းဆနေကြပါပြီ။
နောက် သတင်းတစ်ခုုက O2 ဆိုတဲ့ နာမည်က Qualcomm ရဲ့ Snapdragon 820 processor ကို မှီခိုပြီး ပေးထားတယ်လို့ ဆိုပြန်ရောဗျ။ ဒါဆိုရင်တော့ ထွက်မယ့် အချိန်ကို အရိပ်အမွက် သိလိုက်ပြီ။
အဲ့ဒီ 820 processor က ရှေ့နှစ် နှစ်လည်လောက်မှ အဆင်သင့် ဖြစ်မယ်လို့ processor ကုမ္ဗဏီက ကြေငြာထားပြီးသားလေ ၊ ဒါဆို M10 လား O2 လား မသိတဲ့ HTC ဖုန်း အသစ်က ရှေ့နှစ် နှစ်လယ် Mobile World Congress ပွဲလောက်မှ ချပြတော့မှာ.
လောလောဆယ် ထွက်ထားတဲ့ ပုံတွေကတော့ concept design လို့ ခေါ်တဲ့ စိတ်ကူးနဲ့ ရမ်းတုတ်ထားတဲ့ ပုံတွေသာ ဖြစ်ကြောင်းပါဗျာ
😀 🙂
Source: Digital Trends