Huawei Mate 8 အသစ်
~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို …
ကောလဟာလတွေ အမျိုးမျိုးပြီးတဲ့ နောက်မှာ သတင်းအမှန်အကန်ထွက်လာပါပြီ။ Huawei Mate 8 ပါ။ Mate 7 တို့ S တို့ နောက်မှာ အသစ်ထွက်လာမယ့် Huawei ရဲ့ အသစ်သောအသစ်…
Mate 8 က metal body ကိုမှ 157.1mm x 80.6mm x 8.2 mm အရွယ်အစားပါ။ Screen size က 6 inch (1920x1080p) နဲ့ Apple iPhone မှာလို 3D Touch လေးနဲ့ ဖြစ်မယ်လို့ ဖတ်ရပါတယ်။
Model ပေါ်မူတည်ပြီး 3GB / 4GB RAM နဲ့ ထွက်မှာ ဖြစ်ပြီး ၊ Kirin 950 processor ၊ 16MP rear camera ၊ 8MP front-facing camera ၊ fingerprint sensor ၊ 4,000mAh battery ကိုမှ model ပေါ်မူတည်ပြီး 32GB, 64GB အပြင် 128GB နဲ့ ပါ ရမယ် ၊ microSD လည်း သုံးလို့ ရမယ်လို့ သိရပါတယ်။
OS ကတော့ Android 6.0 Marshmallow ကိုမှ EMUI 4.0 အုပ်ထားမှာပါ။ တရုတ်နိုင်ငံမှာတော့ ဒီဇင်ဘာ ၉ ရက်နေ့မှာ စရောင်းမှာ ဖြစ်ပြီး အနောက်ကမ္ဘာရဲ့ ဈေးကွက်တွေကိုတော့ 2016 ပထမ ၄ လ မှာ ဖြန့်မှာပါ။ အရောင်တွေကတော့ Champagne Gold, Moonlight Silver, Space Gray နဲ့ Mocha Brown ၊ ဈေးတွေကတော့ 3GB – 32GB ကို 480$ ၊ 4GB – 64GB ကို 590$ ၊ 4GB – 128GB ကို 700$ ပါတဲ့ဗျာ။
ကဲ … 😀 🙂
[one_fourth class=”” last=”no” ][/one_fourth]
[one_fourth class=”” last=”no” ][/one_fourth]
[one_fourth class=”” last=”no” ][/one_fourth]
[one_fourth class=”” last=”yes” ][/one_fourth]
Source: NowhereElse, GAMArena