Kickstarter က ပစ္စည်းလေးတွေ ရောက်မယ်ဗျ
[tabs tab1=”Zawgyi” tab2=”Unicode”]
[tab id=”tab1″]
Cheers!
Win Htoo Shwe
[/tab]
[tab id=”tab2″]
ပြောပြရဦးမယ်ဗျ။ ကျွန်တော်တို့ Myanmar Lifestyle ဆီကို Kickstarter မှာ စံချိန်တင် အချိန်နဲ့ fully backed ဖြစ်ခဲ့တဲ့ ပစ္စည်း ၂ မျိုး ရောက်ပါဦးမယ်။ [space ]
ပထမ ပစ္စည်းက ကျွန်တော်တို့ဆီမှာ ရောင်းခဲ့ဖူးပြီး ပစ္စည်းပြတ်သွားတဲ့ Levit8 Portable Standing Desk လေး ပြန်ရောက်မှာပါ။ Supplier ဆီမှာ ပစ္စည်းပြန်ရဖို့ စောင့်ရတဲ့ အချိန်ကြာတာနဲ့ပဲ အဆက်ပြတ်သွားခဲ့တာ တော်တော်လေး ကြာသွားပြီး အခု Medium size တွေ ပြန်ရောက်လာမှာပါ။ [space ]
Monitor နဲ့ မတွဲပဲ Laptop ၁ လုံး နဲ့ အလုပ်လုပ်မယ်ဆိုရင် တခါတလေ မတ်တပ်ရပ်ပြီး အလုပ်လုပ်ဖို့ ဒီ Levit8 လေးက အဆင်ပြေတယ်။ ခေါက်ထားပြီး laptop အိတ်ထဲ ထည့်သွားလို့ ရလို့ laptop နဲ့ တူတူ အဆင်ပြေပြေ သယ်သွားလို့ရတယ်။ Presentation လုပ်မယ်ဆိုရင်လဲ စားပွဲပေါ်မှာ ချထားတဲ့ laptop ကို ခါးကြီးကုန်းကုန်းပြီး ပြန်ကိုင်နေစရာ မလိုပဲ ဒီ Levit8 Portable Standing Desk လေးပေါ်တင်ထားလိုက်ရင် သက်သက်သာသာ နဲ့ presentation လုပ်နိုင်မှာမို့ အသုံးတည့်မယ့် ပစ္စည်းဖြစ်လာမှာပါ။ [space ]
[one_third class=”” last=”no” ][/one_third]
[one_third class=”” last=”no” ][/one_third]
[one_third class=”” last=”yes” ][/one_third][space ]
နောက် ပစ္စည်း တစ်မျိုးက ကျွန်တော်တို့ဆီမှာ မရှိဖူးသေးပဲ အခုမှ စပြီးတင်မယ့် Dax Wallet ပါ။ MPU, Visa စသဖြင့် ကဒ်တွေ အမျိုးမျိုး စပြီး ကိုင်လာကြပြီ ဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံမှာလဲ အနှေးနဲ့ အမြန် cash အစား card တွေက နေရာယူလာတော့မှာမို့ card တွေ များများ ထည့်လို့လွယ် ၊ ပြန်ထုတ်လို့လဲ လွယ်ပြီး ၊ ပါးပါးလှပ်လှပ် ရှိတဲ့ wallet တွေလဲ မကြာခင် လိုအပ်လာတော့မှာပါ။ [space ]
အခုအချိန်တော့ စောနေသလို ခံစားရပေမယ့် ဒီလိုအပ်ချက်ကို အချိန်မှီ ဖြည့်တင်းဖို့အတွက် ကျွန်တော်တို့ Myanmar Lifestyle က Kickstarter မှာ နာမည်ကြီးခဲ့တဲ့ Dax Wallet ကို စပြီး မိတ်ဆက်တော့မှာပါ။ [space ]
[one_third class=”” last=”no” ][/one_third]
[one_third class=”” last=”no” ][/one_third]
[one_third class=”” last=”yes” ][/one_third][space ]
လောလောဆယ် အရောင် ၁ မျိုးပဲ ရှိဦးမှာ ဖြစ်ပေမယ့် ၊ ကြိုက်တဲ့သူ အထိုက်အလျောက် ရှိတယ်ဆိုရင် ကျွန်တော်တို့ အခြား အရောင်တွေကိုပါ ဆက်ပြီး သွင်းသွားမှာပါ။ ပစ္စည်းတွေရောက်ဖို့ သိပ်တော့ မစောင့်ရတော့ပါဘူး။ ကျွန်တော်ထင်တယ် May လကုန်ဆို ready ဖြစ်လောက်ပါပြီဗျာ။ 🙂 [space ]
Cheers!
Win Htoo Shwe
[/tab]
[/tabs]