S7 က ရေစိုခံမှာ
~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို …
S7 က ရေစိုခံမှာကတော့ သေချာသွားပြီဗျ။ ဖုံးလေပေါ်လေ ၊ မပြောလေ သိလေဆိုတဲ့ mobile leak လောကကြီးမှာတော့ တမင်တကာ မတော်တဆ leak ဖြစ်လာတယ် ထင်ပါ့ဗျာ။ Samsung Indonesia ကနေ S7 Edge promo clip လေး leak ဖြစ်လာခဲ့ပါတယ်။
YouTube clip လေးကတော့ လေးသည်တော်မလေးက S7 ရဲ့ အကူအညီနဲ့ လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်တယ်ပေ့ါလေ ၊ အဲ့ဒီမှာ မိုးတွေ ရွာလာပေမယ့် S7 ကတော့ ရေစိုခံတယ် ဆိုတာ ပြလိုက်တာဗျ။ ကြည့်ကြည့် …
[youtube video_id=”EHaxUZPyomg” width=”640″ height=”360″ ]
အမှန်တော့လည်း leak ဖြစ်လာမှရယ်တော့ မဟုတ်ပါဘူး ၊ S7 နဲ့ ပတ်သက်လို့ Samsung က လုပ်ထားတဲ့ launch page မှာကိုက ဒီပုံပြထားတော့ ရေစိုခံတာကတော့ မပြောလည်း သိရမလိုလို။
ဒါနဲ့ S6 နဲ့ S6 Edge လည်း စိတ်မကောင်းမဖြစ်ပါနဲ့ ၊ Android 6.0 Marshmallow update ထုတ်ပေးလိုက်ပြီလို့ သတင်းဖတ်ရပါတယ်။ ဒီဖက်ကိုတော့ နည်းနည်း ကြာဦးမယ် ထင်တယ်။ လောလောဆယ်တော့ update ပြီးသွားရင် S6 / S7 Edge မှာ ဖြစ်သွားမယ့် ပုံကို အရင်ကြည့်ထားလို့ ရပြီဗျ။
Edge ကို ပွတ်ရင် အရင်က 260 pixel အစား 550 pixel ကျယ်တဲ့ panel ဖြစ်သွားပြီ ၊ အဲ့ဒီမှာ People edge, Apps edge, Quick tools စသဖြင့် ထားလို့ ရပြီး edge handle ကို ကြိုက်တဲ့ နေရာမှာ ကြိုက်တဲ့ opacity နဲ့ ထားလို့ ရမှာပါ။ အခုမှ Edge က ပီပီပြင်ပြင် အလုပ်လုပ်တော့မှာ …. ဒီလိုမှန်းသိရင် Edge လေး ဝယ်မိရင် ကောင်းသား … သောက်လေသောက်လေ ငတ်မပြေ 😛 😀
Source: Redmond Pie
Update – 18th Feb
Android Authority ဖက်က leak ဖြစ်လာတဲ့ ပုံမှာတော့ S7 က microSD slot လေး ပါလာတယ်ဗျ။
ပြီးတော့တွေ့တယ်ဟုတ် … 7 – 7 ချင်း တူတူ Samsung က ဦးသွားပြီး နောက်ဘုု မရှိတော့ဘူး 😛 😀