Marshall ရဲ့ London ဖုန်း
~~~ ယူနီကုဒ်နဲ့ ဖတ်မယ်ဆို …
ပြောပြရဦးမယ်ဗျ။ Rocker တွေ သိမယ် ၊ Marshall တံဆိပ်ကို ၊ ဟုတ်တယ် ၊ amps .. ရှယ် amps တွေ ထုတ်တဲ့ Marshall က အခု ဖုန်းထုတ်တယ်လေ။
Rocker တွေ ၊ Marshall ပရိသတ်တွေတော့ ကြိုက်မယ်ဗျ။ သူက 4.7 inch 720p display, 8 megapixel camera, 2GB RAM, 16GB storage, 1.2GHz quad-core Snapdragon 410 processor စသဖြင့်ပေါ့လေ။
ထူးတာက အဲ့ဒီ specs တွေ မဟုတ်ဘူးရယ် ၊ music ဆရာကြီးတွေ ထုတ်တဲ့ ဖုန်း ဆိုတဲ့ အတိုင်း သူ့မှာ headphone jack ၂ ခု ပါလာတယ်။ နိုးနိုး … သာမာန် splitter နဲ့ ခွဲတယ် မထင်လိုက်နဲ့ ၊ jack တစ်ခု ချင်းစီ အတွက် သီးသန့် volume နဲ့ full-power music ထုတ်ပေးမှာ ။ နောက် အဲ့ဒီ jack တွေကပဲ input အနေနဲ့ လုပ်ပေးဦးမယ် ဆိုတော့ ဖုန်းနဲ့ TRS cable ကနေချိတ် ၊ guitar, mic စတာတွေကနေ signal တွေ ဖုန်းကို feed လို့ ရပြီလေ။ လာထား Rock & Roll ပဲ …
ပြီးတော့ ၊ သူ့မှာ mic ၂ လုံးပါတယ်။ အပေါ်မှာ တစ်လုံး အောက်မှာ တစ်လုံး ၊ သာမာန်အားဖြင့် ဖုန်းပြောတဲ့ အခါ noise-cancellation လုပ်ပေးပြီး ၊ ဘာဆက်ဖြစ်တယ် မှန်းလည်း … ဒါပေါ့ ၊ recording လုပ်လို့ ရတယ် ၊ ရိုးရိုးမဟုတ်ဘူး ၊ stereo audio နဲ့ ရမှာ..
Input ထည့်ပြီး တီးဖို့ ၊ ဆိုဖို့ က Marshall ရဲ့ app လေးနဲ့ ဆော်ရုံပဲ ။
အော်… ဖုန်းနာမည်က London တဲ့ ၊ Rock ဆရာတွေ အတွက်…
🙂 😀
Source: Engadget