၂ နှစ်ပြည့်မှာ ရောက်ဖြစ်ခဲ့သည်
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
September 4 ရက်နေ့ဟာ Myanmar Lifestyle မွေးနေ့ပါ။ ပြီးခဲ့တဲ့ ၁ နှစ်ပြည့်တုန်းကတော့ ဘော်ဒါတွေကို ညစာ ကျွေးဖြစ်ပေမယ့် ၊ ဒီနှစ်တော့ မလုပ်ဖူး မကိုင်ဖူး ၂ နှစ်ပြည့်မှာ အလှုလုပ်ရအောင်လိုု့ တွေးဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် ဖြစ်ပါလိမ့်မယ် ၊ ဒီရက်ပိုင်း ရန်ကုန်မှာ နေတွေ လိမ့်ပူနေရာကနေ ၄ ရက်နေ့က တစ်နေကုန်ရွာတဲ့မိုး… 😛 😀
ဒါနဲ့ မှတ်မှတ်ရရ ၊ Myanmar Lifestyle ရဲ့ ပထမဆုံး customer က သန်လျင်က ပါ။ အဲ့ဒီတုန်းက ဝေးပေမယ့် ပျော်ျပျော်ပါးပါး သန်လျင်အထိ သွားပြီး free delivery လုပ်ပေးခဲ့ဖူးတာကြောင့် ၂ နှစ်ပြည့်မှာလည်း သန်လျင်နဲ့ ပတ်သက်ရင် ကောင်းမှာလို့ ကြံဖန်နေတုန်း ၊ သန်လျင်က ဘိုးဘွား ရိပ်သာ ဆိုတဲ့ နေရာကို သတင်း တွေ့ခဲ့တာပါ။
တခြားနေရာတွေ လိုက်စုံစမ်းပေမယ့် ပြည့်စုံနေတာများလို့ သန်လျင်ဖက်ကိုပဲ ရွေးဖြစ်သွားတယ် ဆိုပါစို့ဗျာ။ ဒါနဲ့ ပဲ ပရဟိတ လုပ်တဲ့ သူငယ်ချငး်ကနေ တဆင့် သန်လျင်ကို ဖုုန်းဆက် ၊ လိုတာ ဘာရှိလည်း ဆိုတော့ ဆေးကုသဆောင်လေးမှာ bedsore ဖြစ်တဲ့ လူနာတွေ ၊ ဆီး ၊ ဝမ်း် မထိန်းနိုင်တဲ့ ပြသနာတွေ တော်တော်လေး အခက်တွေ့နေတယ် ပြောတာနဲ့ Myanmar Lifestyle ဆေး အဝယ်တော် ထွက်ခဲ့ ပါတယ်။
ဆေးတို့ Dettol တို့ ကျန်တာတွေ အစုံက အရေအတွက် ပမာဏ အများကြီး ဝယ်ရလွယ်ပေမယ့် ၊ diaper sheet ကျတော့ အရေအတွက်များများ ဝယ်ရတာ အင်မတန်ခက်တယ်ဗျ။ နောက်ဆုံး လမ်းမတော်ဖက်မှာ စုမိလို့ ရတာနဲ့ ဝယ်ပြီး ချီတက်ခဲ့ပါတယ်။
ပထမတော့ ဘိုးဘွားရိပ်သာ ဆိုတာ ကျွန်တော် မျက်စိထဲ မြင်ထားမိတာ အဆောင်လေးနဲ့ သန့်သန့် ပြန့်ပြန့်လေး ၊ ဘိုးဘွားတွေက နားနားနေနေလေး ၊ အဲ့လို မြင်ယောင်မိတာ ။ ဟိုရောက်တော့ ဘယ်နေလိမ့်မလဲ ၊ ထင်ထားတာနဲ့ လုံးဝ တခြားဆီရယ် ၊ ဒါကို ဘိုးဘွားရိပ်သာလို့ ဘယ်လို ခေါ်မလဲ ၊ လာလှုတာတွေ များတယ်ဆို ၊ ဘယ်ရောက်ကုန်လဲ စတဲ့ မေးခွန်းတွေနဲ့ ကျွန်တော်တို့ ခြာလပတ်လည်နေတာ ကြိုဆိုပေးတဲ့ အစ်မ က သဘောပေါက်တယ် ထင်ပါ့ ၊ ကျွန်တော်တို့ ယူသွားတဲ့ ပစ္စည်းတွေကို လက်ခံပြီးတော့ သူလိုက်ပြချင်တယ် ဆိုတာနဲ့ပဲ ကျွန်တော်တို့ လိုက်သွားဖြစ်ခဲ့ပါတယ်။
အဲ့ဒီမှာ စတွေ့တော့တာပဲခင်ဗျ ၊ ခုဏက မြင်ခဲ့တာတွေထက် ပိုပြီး ပိုပြီး ဆိုးရွားတဲ့ မြင်ကွင်းတွေ ၊ ဒါ.. ဘိုးဘွား ရိပ်သာလို့ ခေါ်ရမှာထက် ဘိုးဘွားဒုက္ခသည် စခန်းလို့ ခေါ်ရမှာ (အသုံးအနှုန်း မသင့်တော်ရင် တောင်းပန်ပါတယ်) ၊ ပထမဆုံး ကျွန်တော့် မေးခွန်းက “လူ ဘယ်ယောက်ရှိလည်း အစ်မရေ” ဆိုတော့ “ကြီးကြီး ၊ ငယ်ငယ် ၂၅၀၀ ရှိတယ် မောင်လေး” တဲ့ ၊ ဘုရားရေ… လူ ၂၅၀၀ ဆိုတဲ့ အင်အားက နည်းတာမှ မဟုတ်ပဲ ၊ ဘယ်နားတွေများ ရောက်နေလဲ ၊ ကျွန်တော် ထပ်မေးပါတယ်။
လာ… လိုက်ကြည့် …
ယိုးးးးးးးးး …. အဆောင်ပိစိ ပိစိ ၊ အဆောင်လို့ ခေါ်လို့ မရတဲ့ ကြိုကြားတွေမှာ အပုံလိုက်တွေဗျာ။ တကယ် စိတ်မကောင်းစရာ ၊ အဲ့ဒီ အစ်မ ပြောပုံ အရတော့ လူ တစ်ယောက် ကျောတစ်ခင်းစာ သတ်မှတ် ပေးထားတဲ့ ပုံပဲ။ ၁၅ ပေ တစ်ယောက်စာ ဆိုလား သူ့ အသုံးအနှုန်းက ၊ ကိုယ်ပိုင်ဆိုင်တဲ့ အဝတ်အစားလေးတွေ ၊ အသုံးအဆောင်လေးတွေကို ၁၅ ပေ နေရာလေးမှာပဲ တင်ရင် ၊ လူလည်း အဲဒီ နေရာမှာပဲ နေရင်း..
မလွယ်ပါလား အစ်မရေ …….
“လမး်ပေါ်မှာ ပစ်ထားတာထက်တော့ အများကြီး သာပါတယ်” ဆိုတဲ့ သူ့ အဖြေ…
ကျွန်တော်က စေ့စေ့ပေါက်ပေါက် ထပ်ပြီး မေးတယ်ခင်ဗျ။ သူတို့ ထမင်း ဘယ်လို စားလဲ ဆိုုတော့ အဆောင်မှုးဆိုတဲ့ သူက နေ့လည် ကျရင် အဆောင်မှာ ရှိသလောက် လူ ဦးရေ အလိုက် ထမင်းနဲ့ ဟင်းကို အဆောင်လိုု့ ခေါ်တဲ့ အကာ အရံ ရှေ့မှာ ထားပေးပါတယ် ၊ အဲ့ဒီ အခါ အဘိုး အဘွားတွေက ကိုယ်တိုင် ထွက်ယူ ၊ ကိုယ်တိုင်စား သဘောပါ ။
“ဆေးကြောပေးဖို့ရော” ဆိုတော့ ၊ “သူ့တိုဖာသာ ဆေးရတယ်” ….
“ဒါဆို မထနိုင်တဲ့သူတွေရော” … “သူက အချင်းချင်း စောင့်ရှောက်ကြသလို ၊ တချို့ တတ်နိုင်တဲ့ သူတွေကလည်း တစ်နေ့ ၃၀၀ နဲ့ သူတို့ မိဘ ၊ ဘိုးဘွားတွေကို ကြည့်ဖို့ ပေးထားတယ်”
အဲဒီ ၃၀၀ ရတဲ့သူကပဲ ပေးတဲ့ သူကိုရော ၊ မပေးနိုင်တဲ့ သူကိုရော ကြည့်ပေးတယ် ဆိုတော့ ၊ ဒီမှာ ဒါဆို တခြား အရွယ်တွေ ရှိသေးလို့လား” ဆိုတော့ ခုုိကိုးရာမဲ့တွေ အသက်အရွယ် မရွေး ရှိတယ်တဲ့ ။ ဒါနည်းနည်း စိတ်ဝင်စားသွားပြီ ။ ခဏ ထားဦးဗျ
သွားရင်းနဲ့ ဒါက ရွာငယ်လေး တစ်ရွာစာလောက် အကျယ်အဝန်း ရှိလိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ စိတ်မကောင်းစရာက ၊ အော်.. ဒါ အသုံးမလိုတဲ့ ပစ္စည်းတွေ ထားတဲ့ နေရာလေးများလားလို့ မကြည့်လိုက်နဲ့ ၊ အထဲမှာ (အထူးသဖြင့်) အဘိုး တစ်ယောက် ရှိနေပြီ ၊ တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်းတွေပါဗျာ။
ကျွန်တော်တို့တကယ် မနေနိုင်ဘူး ၊ အဲ့ကြားထဲ ထပ်ပြောတာက
“မောင်လေး ၊ လူကိုု ကြွက် တက်ဆွဲတာ”…
“ဗျာ…”
“ဟုတ်တယ် မောင်လေး ၊ သူတို့က မထနိုင် ၊ ဒီလိုပဲ စားထား ၊ အစာကြွင်း ၊ အစာကျန်တွေ နဲ့ ၊ အညစ်အကြေးတွေနဲ့ ကြွက်တွေကလာ ၊ နောက် မလှုပ်နိုင်တဲ့ လူကို ပါ တက်ဆွဲမိကြတယ်” …
အလိုလေးဗျာ။ ဘယ်နေရာများ ကျွန်တော်တို့ ရောက်နေကြပါလိမ့်ဗျာ .
“ဒါဆို ရေမချိုးပေးကြဘူးလား”…
“ချိုးပေးတဲ့သူတွေလည်း မနိုင်ကြဘူး မောင်လေးရဲ့ ၊ လူအင်အား မရှိတော့ ၊ ပရဟိတလုပ်တဲ့ လူငယ်လေးတွေ မလာရင် အဲဒီ အဘိုးတွေ ၊ အဘွားတွေ မထနိုင်တာတွေကို ကုတင်ပေါ်မှာပဲ ချိုးပေး ကြရတာ”
စဉ်းစားကြည့်ဗျာ… ဘယ်လို နေမလဲ ၊ ဒီကုတင်ကြီးက စိုုရွွှဲလို့ … ၊ နောက် အဲဒီမှာပဲ ဆက်အိပ်ရတဲ့ အဖြစ် …
“လမ်းဘေးမှာ ပစ်ထားခံရတာထက်တော့ သာပါတယ် မောင်လေး” လို့ ပြောတာပဲ နားထဲ ကြားနေမိပါတော့တယ်ဗျာ။
ကျွန်တော် အစကပြောခဲ့သလို ဆေးဝါးတွေ သွားလှုတယ် ဆိုတာထက် ၊ ဆေးဝါးတွေ သွားပေးတယ်လို့ ကျွန်တော် ပြောင်းပြောပါရစေ။ အမှန်တော့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်လျက်နဲ့ မလုပ်ဖြစ်တဲ့ အလုပ်တွေကို သွားလုပ်တာပဲမလားဗျာ။
အပြန်ခရီးမှာတော့ Myanmar Lifestyle ရဲ့ တွဲဖက် ဖခင်ကြီးက ပြောရှာပါတယ် ၊ သူ အိုမင်းမစွမ်းတော့လို့ ဒီနေရာမျိုး ပိုခံရ့မယ် ဆိုရင် ကိုယ့်ဟာကိုယ်သာ သတ်သေ သွားလိုက်ပါ့မယ်တဲ့.. 😛 😀
ကျွန်တော်တို့ ပေးထားခဲ့တဲ့ ဆေးဝါးလေးတွေနဲ့ အဘိုး အဘွားတွေရဲ့ အနာလေး နည်းနည်း ဖြစ်ဖြစ် သက်သာ နိုင်ပါစေလို့ ဆုုတောင်းလိုက်ပါတယ်။
Myanmar Lifestyle ပိုပြီး ကြိုးစားသွားပါဦးမယ်ဗျာ။