Samsung နဲ့ စိတ်ကူးထဲက screen အဆန်းတွေ
Samsung က ပြောလို့ ပြောတာ မဟုတ်ဘူးဗျ။ Screen တို့ display တို့ ဖက်မှာတော့ အတော်ပိုင်နိုင်တဲ့ သဘော ရှိတယ်။
မနေ့ညဖက်ကပဲ Samsung က screen အသစ်တွေနဲ့ ပတ်သက်လို့ မူပိုင်ခွင့် တင်ထားတဲ့ screenshot တွေနဲ့ ဘာညာ အချက် အလက်တွေ သတင်းထွက်လာပါတယ်။
မူပိုင်ခွင့် နံပါတ် ၁ ကတော့ စာရွက်လေးလို လိပ်သွားလို့ ရတဲ့ screen ၊ သာမန်တော့ phone လောက် ၊ tablet လောက်ကို လိပ်သွားဖို့ မလိုပေမယ့် iPad Pro လောက် ၊ သူ့ထက်ကြီးတဲ့ size လောက်ဆို လိပ်သွားလို့ ရရင် နိမ့်ဟ …. blueprint လေးလို လိပ်သွား ၊ လွယ်အိတ်ထဲထိုုးထည့် ၊ စားပွဲပေါ် ဖြန့်ခင်း ၊ ဟိုလူ ခြစ် ၊ ဒီလူ ဝင်ခြစ် … ဟုတ်တော့ ဟုတ်သား…
မူပိုင်ခွင့် နံပါတ် ၂ ကန်းနံပါတ်တွေကို စာအုပ်မှာ ရေးမှတ်ရတဲ့ ခေတ်တုန်းက သုံးတဲ့ စာအုပ်အစွန်းမှာ A, B, C လေးတွေ ဖြတ်ထုတ်ထားတဲ့ ဖုန်းစာအုပ်ကို သွားသတိရမိတာ။ သူက ခေါက်လို့ ရတဲ့ screen ..
ခေါက်ထားလိုက်ရင် ဘေးမှာ shortcut လေးတွေ ပြနေပြီး ၊ ဖွင့်လိုက်ရင် ၂ ဆလောက် ရှိမယ့် screen မှာ ဆက်သုံးရမှာ။ ဒါလည်း မှတ်စု စာအုပ်လေးလို ထည့်သွားလို့ ရတော့ ကောင်းသား။
မူပိုင်ခွင့် နံပါတ် ၃ က အပေါ် ၊ အောက် ခေါက်လို့ ရတဲ့ scren လေးပါ..
ဖုန်းလေးက ခေါက်ဖုန်းလေးလို့ ပိစိလေး ၊ ဖြန့်လိုက်တော့ smartphone လေးလို အလန်းလေး။ ဒါလည်း ကောင်းတာပဲ… ခေါက်ထားရင် အောက်ဖက်မှာ Message တို့ ၊ Phone တုုိ့ short cut လေးတွေ ၊ ဟိ… ပုံထဲမှာ iPod ဆိုတာလေးတောင် ပါလိုက်သေး…. Samsung က designer တွေက စဉ်းစားရင် iPod လေးပါ တွေးနေသလား ၊ သီချင်းပဲ နားထောင်နေသလား မပြောတတ်ပေါင် … iPod တဲ့ မဆီမဆိုင် ..
ရော… သိပ်တော့လည်း စိတ်လှုပ်ရှားလို့ မဖြစ်တန်ဘူးရယ် ၊ ဒါတွေက မူပိုင်ခွင့် တင်တဲ့ အခြေအနေပဲ ရှိပြီး ၊ လုံးဝ မဖြစ်လာတာလည်း ဖြစ်နိုင်သေးတော့ ၊ လောလောဆယ် စဉ်းစား ပြီး စိတ်ကူးကြည့်ရုံ သက်သက် …
😀 🙂
Source: TheNextWeb