Nexus 6P Camera အကြောင်း တစေ့ တစောင်း
~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို ..
ဒီလိုလေ ၊ မနေ့က ချပြတဲ့့ Nexus ဖုန်းအသစ်တွေရဲ့ Huawei Nexus 6P ရဲ့ ကင်မရာက periscope လိုလို ဆန်းဆန်းပြားပြား ရှိသလို ၊ quality လည်း အတော်ကောင်းပုံပဲဗျ။
သူ့မှာ 12.3 MP Sony sensor တပ်ထားတယ် ၊ အဲ့ကင်မရာမှာက 1.55 micron pixel ဆိုတော့ အရင် Nexus ထက် sensor pixel ၄ ဆ ပိုပါလာတဲ့ သဘောပေါ့။ ပြီးတော့ သူက wide f/20 လေ။ ဆိုးတာက OIS – Optical Image Stabilization မပါဘူးရယ်။ Google ကတော့ ၊ pixel နဲ့ sensor ကြီးကြီးမို့ OIS ဆိုတာက မလိုပဲ အေးဆေး ရိုက်လို့ ရတယ် ပြောတာပါပဲ။
နောက် autofouce က laser autofocus တဲ့ ၊ “time of flight IR sensor” ဆိုလား မသိပါဘူးဗျာ။ ဒါတော့ ကျွန်တော်လည်း နားမလည်ဘူး ခင်ဗျ။ 240fps slow motion video ရိုက်လို့ရပြီး Google Photos editing နဲ့ ဆို ၊ video တစ်ခုလုံးကို မဟုတ်ပဲ ခွဲခြမ်း စိပ်ဖြာပြီး edit လုပ်လို့ ရမယ့် သဘော ရှိတယ်။ နောက် 30 fps နဲ့ Smart Burst mode ဆိုတာလည်း ပါသေးတော့ gif တွေပဲ လုပ်မလား ၊ ဒါမှ မဟုတ် auto-select နဲ့ အကောင်းဆုံးပဲကိုပဲ ရွေးမလား အဆင်ပြေမှာပါ။
ကင်မရာတွေကို စစ်ဆေးပြီး အမှတ်ပေးတဲ့ DxOMark ကတော့ Nexus 6P ကို ၈၄ မှတ် ပေးထားတယ်ဗျ။ ဒါက LG G4 ထက် ၁ မှတ်သာပြီး ၊ သူ့ အပေါ်မှာတော့ S6 Edge Plus ရဲ့ ကင်မရာက ရှိနေတာပါ။ ထိပ်ဆုံးကရေ ရင် ဒုတိယ ဆိုပါတော့ ။
အသေးစိပ်မှာတော့ ဓာတ်ပုံဖက်မှာ ၈၆ မှတ် ၊ ဗီဒီယိုဖက်မှာ ရ၉ မှတ်ပေးထားပါတယ်။ ကောင်းချက် ၊ ဆိုးကွက်တွေကတော့ အောက်က အတိုင်းပါပဲဗျာ။
ကောင်းကွက်
- Low light အခြေအနေမှာ အကောင်းဆုံး ကုုိင်တွယ်နိုင်တယ်
- Outdoor ရိုက်တဲ့ အခါ detail တွေ အားလုံး ထိန်းသိမ်းပေးတယ်
- ဘယ်အခြေအနေပဲ ဖြစ်ဖြစ် တိကျ ၊ မြန်ဆန်တဲ့ autofocus
- White balance ကောင်းတယ် ၊ outdoor မှာ အရောင်ထုတ်ပေးတာမှန်တယ်
- Flash မိုက်တယ် ၊ white balance နဲ့ color rendering မှန်တယ်
- ပုံ exposure မှန်တယ်
ဆိုးချက်
- Low light မှာ HDR+ mode ကို သုံးရင် exposure, color, texture မမှန်တာတွေ ရှိပြီး ၊ noise တွေ တက်လာပါတယ်။
- dynamic scene တွေမှာ ပုံရဲ့ highlight ပိုင်းတွေ ဖြူသွားတတ်ပါတယ်
- ခလုတ်နှိပ်ပြီဆို autofocus မပြတ်ခင် ရိုက်ပြီး နေတတ်ပါတယ်။
သိသလောက် ၊ နားလည် သလောက်လေးပါ ခင်ဗျာ။
🙂 😀
Source: Android Central, DxOMark