Note 5 drop test – Oops!
Note 5 ထွက်ပြီလေ ၊ ဦးဦးဖျားဖျား သုံးခွင့် ရတဲ့ သူတွေလည်း သူတို့လက်ထဲ ရောက်ပြီ ၊ ဦးဦးဖျားဖျား လျှောက်စမ်းခွင့် ရတဲ့ သူတွေလည်း စမ်းကုန်ပြီ ၊ စမ်းတဲ့ ထဲမှာ ဒီ PhoneBuff က တော့ drop test လုပ်တာ … ဟုတ်တယ် ၊ အမြင့်ကနေ ပစ်ချပြီး ဘယ်လောက် ခံနိုင်လဲ ဆိုတာ စမ်းပြတာ
PhoneBuff က တခြား tester တွေနဲ့ ကွာတာက ၊ သူတို့က စက်နဲ့ စမ်းတာဗျ။ စက်ကို set လုပ်ထားပြီး phone အမျိုးမျိုးကို စမ်းတော့ ဘယ်ဖုန်းက ဘယ်လောက် ခံနိုင်တယ် ဆိုတာ သာမန် လက်နဲ့ ဒီတိုင်း စမ်းတဲ့ လူတွေ ထက် ပို တိကျတယ်ပေါ့လေ။
Note 5 ကို သူတို့က ပုံမှန် ခါး အနေအထားလောက် ရှိတဲ့ အမြင့်ပေ ၁ မီတာ (၃ ပေဝန်းကျင်) ကနေ ပစ်ချပြီး စမ်းတာ ခင်ဗျ။
ပထမဆုံး ဖုန်းနောက်ကျောနဲ့ ကျတဲ့ သဘော စမ်းပြီး ကျတဲ့ နေရာက ကွန်ကရစ် ၊ ပထမ တစ်ခါ မှာပဲ ဖုန်းရဲ့ နောက်ကျောက spider web တွေထပြီး ကွဲသွား တာပါ။ ဒါကလည်း ဖြစ်သင့်ပါတယ်။ S6 က စလို့ တည်ဆောက်ထားတာက glass + metal construction ကိုး.. glass နဲ့ ကျတော့ ဘယ်ခံနိုင်ပါ့ …
ဒါပေမယ့် အက်သွားတာက အပေါ်ဆုံး မျက်နှာပြင် မဟုတ်ဘူး ခင်ဗျ။ အတွင်းဆုံး အလွှာက စအက်တာမို့ ၊ လက်မရှ ပဲ သုံးမြဲ အတိုင်းသုံးလို့ ရနေသေးတာပါ။ အနည်းဆုံးတော့ cover လေး တပ်ပြီး ဆက်သုံးလို့ ရသေးတယ်ပေါ့လေ။
ထောင့်တွေကို ပစ်ချတဲ့ အခါတော့ ထောင့်တွေဖက်က ကြံ့ကြံ့ခံတယ် ခင်ဗျ။ ထောင့်တွေပတ်လည်က metal မို့ နေပါလိမ့်မယ်။ S-Pen တို့ဘာတို့ အားလုံး အထုတ် အသွင်း အိုကေတာ တွေ့ရပါတယ်။
ရှေ့ screen လည်း ဒီလိုပဲ crack တွေ ဖြစ်သွားပေမယ့် သုံးလို့တော့ ရနေသေးတဲ့ သဘော ရှိပါတယ်။
ဆိုတော့ ဗျာ။ ဖုန်းက သုံးထားတဲ့ material ကြောင့် အချို့ နေရာတွေက အရင့်အရင်တွေလောက် ကြံ့ခိုင်မှု ရှိချင်မှ ရှိမယ် ၊ သို့ပေမယ့် သုံးလို့တော့ ရနေသေးပြီး PhoneBuff ရဲ့ အဆို အရ Note 5 ရဲ့ drop test ဟာ S6 ထက် ပို ကြံခိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီ graph တွေ အရ PhoneBuff drop test ကို ထိပ်ဆုံးက ရပ်တည်နေတာက M9 ၊ သူ့နောက်မှာမှ iPhone 6 ၊ Note 5 ၊ S6 ပါ။
အဲဒါ ဘာပြောချင်လဲ သိလား ….
ဖုန်းလေးတွေ တန်ဖိုးကြီးကြီး ဝယ်ပြီး ၊ cover ကောင်းကောင်းလေးတွေ တပ်ထားမှ ပို စိတ်ချ ရမယ် ဆိုတာပါ။
ပြီးတော့ အဲဒီ cover ကောင်းကောင်းတွေက Myanmar Lifestyle မှာ ဝယ်လို့ ရတယ် ဆိုတာကိုလည်း ထပ်ဆောင်း ပြောချင်သေးတာပါ။ ဟဲဟဲ …
😀 😛
Source: PhoneBuff YouTube channel
Data plan လေး ပိုသေးတယ် ဆိုရင် YouTube လေးမှာလည်း ကြည့်လို့ ရသေးတယ်ဗျ။
ကြည့်ရင်း နမြောလာတာကလွဲရင် ကြည့်လို့ ကောင်းပါတယ်။