Pet Accessories ကဏ္ဍသစ်

Myanmar Lifestyle က ဒီဇူလိုင်လ က စလို့ store မှာ pet accessories ကဏ္ဍသစ်အနေနဲ့ ပစ္စည်းသစ် ၃ မျိုး မိတ်ဆက်ပေး ထားပါတယ်။ ကျွန်တော်တို့ Myanmar Lifestyle Online Store စတည်ထောင် ကာစက နိုင်ငံခြားသား မိတ်ဆွေ နဲ့ စကား ပြောဖြစ်တော့ သူက မင်းတို့ရဲ့ ဈေးကွက် ဘယ်လောက်ထိ မှန်းလဲလို့ မေးပါတယ်။ ကျွန်တော်က မြန်မာ နိုင်ငံ အလယ်ပိုင်းလောက်ထိလို့ ပြောတော့ သူက တော်ပြီးလား လို့ ပြန်မေး ခဲ့တာပါ။ သူ့သဘောကတော့ဗျာ၊ ဒီထက် ပိုပြီး ရည်မှန်းစေချင်တဲ့ ပုံပါ။

အဲဒီ စကားလေး က ဘာရယ် မဟုတ်ပေမယ့် ကျွန်တော့်အတွက် အတော်ကို တွန်းအား ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် အခု ကျွန်တော်တို့ အပေါ် ၊ ကျွန်တော်တို့ store အပေါ် customer တွေ ပိုပြီး ယုံကြည်ပေးလာတာနဲ့ အမျှ ရှိရင်းစွဲ ပစ္စည်းကဏ္ဍတွေတင် မကတော့ပဲ အသုံးဝင်မယ့် အခြားအခြားသော lifestyle ပစ္စည်းတွေကို ထပ်ထပ်ပြီး မိတ်ဆက်ဖို့ ၊ နေရာ တော်တော်များများကို ပြန့်နှံ့ဖို့ ကြိုးစားခဲ့တာပါ။

အခုလမှာတော့ ကဏ္ဍအသစ် အနေနဲ့ Pet Accessories ကဏ္ဍလေး ထပ်တိုးဖြစ်ခဲ့ပါတယ်။ Pet Accessories ဆိုပေမယ့် အိမ်မွေး တိရိစ္ဆာန်တွေ အတွက် ဆိုတာထက် မွေးတဲ့ ကျွန်တော်တို့တွေ ပိုပြီး အဆင်ပြေစေမယ့် ပစ္စည်း မျိုးပါ။

goldieကျွန်တော်က ခွေးချစ်ပါတယ်။ (ဒါပေမယ့် ကိစ္စ အဝဝ လုပ်ပေးတာကတော့ ကျွန်တော့်မိဘတွေပါ။) ကျွန်တော်အိမ်မှာ အခု ရှိနေတာ က generation ၃ ခုမြောက် ခွေးလေးပေါ့ဗျာ။ လွန်ခဲ့တဲ့ ၁၄ နှစ် ၊ ကျွန်တော် ၁၀ တန်း ကျောင်းသား ဘဝက ရှိခဲ့ဖူးတဲ့ ခွေးလေး ၊ နောက်သူ့ရဲ့ သား ၊ အခု လွန်ခဲ့တဲ့ ၄ နှစ်လောက်က အိမ်ကို ရောက်လာတဲ့ ဒီခွေးလေးပေါ့။

ကထိကထ သိပ်မများ ပေမယ့် အခက်အခဲဆုံးကတော့ ဆေးခန်း သွား ရတဲ့ အချိန်ပါ။ နေမကောင်းဖြစ်တယ် ၊ ကာကွယ်ဆေးထိုးတယ် စသဖြင့်ပေါ့လေ။ ဒီလို အခါတွေမှာ ဆေးခန်း သွားပြရတာက အာရုံနောက်ရတာက တစ်ကြောင်း ၊ ပြန်လာရင် ကားပေါ်မှာ ပေကျံရစ်တာတွေကို သန့်စင်ရတာက တစ်ကြောင်းပေါ့။ (တကယ်တော့ ဒါတွေလည်း ကျွန်တော့် မိဘ တွေပဲ လုပ်ပေးကြတာပါ။) အထူးသဖြင့် ဒီလို မိုးတွင်းဆိုရင် ပိုဆိုး ၊ ဆေးခန်းကအထွက် ရွံ့တွေကို နင်းပြီး ကားပေါ်တက်လာတဲ့ ခွေး ၊ ချစ်ပေမယ့် ကားဆိုဖာမှာ အားလုံး ပေကျံ ခဲ့တာကတော့ တကယ်ကို ဒုက္ခ များပါတယ်။

ဒါနဲ့ ကျွန်တော် pet ပစ္စည်း ကဏ္ဍသစ် ချဲ့ဖို့ ဖြစ်လာတော့ ကျွန်တော့်မိသားစု တွေ့ကြုံရတဲ့ အခက်အခဲတွေ ၊ အခြားသူတွေလည်း တွေ့ကြုံရမယ် ၊ ကျွန်တော်တို့ အားလုံး အတွက် အဆင်ပြေမယ် ဆိုတဲ့ pet accessories တွေ ကျွန်တော် ရှာဖြစ်ခဲ့ပါတယ်။

စတင်ရောင်းချတဲ့ ပစ္စည်းတွေလည်း ဖြစ် ၊ ကဏ္ဍသစ်လည်း ဖြစ်တာကြောင့် ပစ္စည်း ၃ မျိုး ကျွန်တော်တို့ စသွင်းခဲ့ပါတယ်။ Seat cover တွေနဲ့ seat belt ပါ။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အတွက်တော့ တကယ်ကို အဆင်ပြေသွားတာပေါ့။ ကားမှာ ရွံ့တွေ ၊ ခွေးမွေးတွေ ပေကျံ မှာ ပူစရာ မလိုပဲ ၊ သာသာယာယာပဲ ကားပေါ် တက်ခိုင်းပြီး ခေါ်သွား လို့ ရပါပြီ။ ပြန်လာရင် seat cover ကို ရေဆေး လိုက်တာနဲ့ ကိစ္စ အားလုံး ပြီး ၊ အားလုံး အေးဆေး ကို ဖြစ်သွား တော့တာပါ။

ဒါကြောင့် ကျွန်တော်တို့ မိသားစု အဆင်ပြေသလို ၊ ခွေးမွေးတဲ့ သူတွေ အားလုံးလည်း အဆင်ပြေစေချင်ပါတယ်။ ဒါကြောင့် အားလုံးအတွက် အသုံးတည့်မယ့် ပစ္စည်း ၃ မျိုး ကျွန်တော်တို့ store မှာ စပြီး ရောင်းပေးနေပါပြီ။ Customer တွေရဲ့ စိတ်ဝင်စားမှု ခံရမယ် လို့ ကျွန်တော်တော့ ယုံကြည်ထားပါတယ်ဗျာ။

အသုံးတည့်မယ် ၊ ကျွန်တော်တို့ store မှာ တင်စေချင်တဲ့ ပစ္စည်းတွေ ရှိရင်လည်း comment ကနေ တဆင့် ဒါမှာမဟုတ် hello @ mmr-lifestyle.com ကနေ တဆင့် အကြံပြုစေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း Myanmar Lifestyle ရဲ့ အသစ်တိုးချဲ့ထားတဲ့ pet ကဏ္ဍမှာ ပစ္စည်း အသစ်သစ်တွေ ထပ်ပြီး တိုးချဲ့ နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အတူတူ ပျော်စရာ အချိန်လေးတွေ ပိုင်ဆို်င် ရပါစေဗျာ။ 🙂

Leave a Reply

Your email address will not be published. Required fields are marked *