Product Review – ROCK Evo Series
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
ROCK က ထုတ်တဲ့ EVO Series mobile phone frame လေးကိုလည်း review လေး ရေး ပါရစေဦး ခင်ဗျ။
ဒီ frame ကိုု ROCK က July လ ကုန်လောက်မှာ iPhone အတွက်ရယ် ၊ S6 အတွက်ရယ် စျေးကွက်ထဲ စဖြန့်ခဲ့တာပါ။
ကျွန်တော်ကတော့ ဖုန်းအတွက် frame ဆိုရင် ဖက်ရှင်ကျကျလေး တပ်သုံးတဲ့ frame နဲ့ protection ဒါမှ မဟုတ် အကြောင်းကိစ္စ တစ်ခုုခုု အတွက် ဖုန်းမှာ add-on အနေနဲ့ တပ်သုံးတဲ့ frame ဆိုပြီး ၂ မျိုး ခွဲချင်ပါတယ်။ ဒီလိုသာဆိုရင် ဒီ Evo Series ကို ဒုုတိယ အမျိုးအစား add-on frame လို့ သတ်မှတ်လို့ ရပါတယ်။
ဒီ Evo Series ရဲ့ အားသာချက်ရော ၊ အားနည်းချက်ရောက screw type ဖြစ်နေတဲ့ အပေါ်မှာပဲ ရှိနေတာပါ။
[two_fourth class=”” last=”no” ]
[/two_fourth]
[two_fourth class=”” last=”yes” ]
[/two_fourth]
Screw type ဖြစ်လို့ frame ကိုတပ်တဲ့ အခါ သူ့အတွက် သီးသန့် L-key နဲ့ တပ်ရတယ် ၊ key မပျောက်သွားအောင် သေချာ သိမ်းထားရတယ် ၊ key နဲ့ မို့ အလွယ်တကူ ဖြုတ်လို့ မရတဲ့ အားနည်းချက်တွေ ရှိပေမယ့်လည်း ၊ ဒီ screw type ကြောင့်ပဲ frame က ပိုပြီး ကျစ်လစ်တယ် ၊ ဖုန်းမှာ တပ်ထားတဲ့ အခါ cover တစ်ခုု တပ်ရတာနဲ့ မတူပဲ ဖုန်းကို ပိုပြီး ပ့ံပိုုးပေးတဲ့ add-on အနေနဲ့ ရှိနေပေးတယ် ၊ နောက် အရေးကြီးဆုံးက ဒီ frame ရဲ့ hollow design ကို အမှား အယွင်း ၊ အလေ ျှာ့ အတင်း မရှိပဲ ပစ်ချက် မရှိအောင်ကို fit ဖြစ်နေတဲ့ အားသာချက်တွေ ရှိနေတာပါ။
[two_fourth class=”” last=”no” ]
[/two_fourth]
[two_fourth class=”” last=”yes” ]
[/two_fourth]
iPhone 4s တုန်းက ဖြစ်လိမ့်မယ် ထင်တယ် ၊ ဖုန်းကို လက်နဲ့ ဟိုဖက် ၊ ဒီ ဖက် ညစ်ကိုင်တဲ့ အခါ လိုင်းမမိတော့တဲ့ design flaw ရှိခဲ့ဖူးပါတယ်။ အဲ့ဒီ တုန်းက Apple က လိုင်းမမိတဲ့ ပြသနာ အတွက် add-on အနေနဲ့ တကယ်ကို သေသပ်တဲ့ frame တွေ free ထုတ်ပေးခဲ့ဖူးပါတယ်။ အဲ့ဒီ frame တပ်လိုက်တော့လည်း ဖုန်းရဲ့ reception ပြသနာ ပျောက်သွားရောဗျ။
ဖြစ်ပုံက iPhone က အဲ့ဒီတုန်းက antenna ကို ဖုန်းရဲ့ ဘေးမှာ တပ်ထားခဲ့ပြီး လက်နဲ့ ၂ဖက် ညစ်ကိုင်တော့ short circuit ဖြစ်သွားတဲ့ သဘောပါ။
အဲ့နောက်ပိုင်းတော့ user တွေ စိတ်ထဲမှာ metal frame တပ်ရင် ဖုန်းရဲ့ ဘေးမှာ ရှိတတ်တဲ့ antenna နဲ့ short circuit ဖြစ်ပြီး လိုင်း မမိတာ ၊ reception ကျတာတို့ ရှိတယ် ဆိုတဲ့ အယူလေးတွေ ရှိလာ ခဲ့တာပါ။ ဒါကတော့ နည်းပညာ အတွင်းကျကျ ကိစ္စတွေ ဖြစ်တာကြောင့် မှန်တယ် ၊ မမှန်ဘူးတော့ ဒီမှာ debate လုပ်ဖို့ အစီအစဉ် မရှိပါဘူး ခင်ဗျ။
ပြောချင်တာကတော့ ဟုတ်သည်ရှိ ၊ မဟုတ်သည် ရှိ လိုင်းမမိတတ်ဘူး လို့ အမြင်ရှိရင်လည်း လိပ်ပြာသန့်သန့် သုံးရအောင် ROCK က ဒီ hollow design ကို ဖန်တီးထား တဲ့ ပုံပါ။ သူတို့ကတော့ သူတို့ website မှာ ဒီလို ပြသနာ မရှိစေရအောင် hollow design လုပ်ထားပါတယ်လိုု့ သေချာ ရှင်းပြထားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း S6 မှာ တပ်သုံးတဲ့ အခါ ပြသနာ မရှိတာ တွေ့ရပါတယ်။
[two_fourth class=”” last=”no” ]
[/two_fourth]
[two_fourth class=”” last=”yes” ]
[/two_fourth]
နောက် သူ့ရဲ့ build quality ပါ။ Aluminium alloy နဲ့ တည်ဆောက်ထားပြီး ၊ cutting တွေ hole တွေကို ကြည့်ကြည့်ရင် machine cutting ချင်းတူတူ သာမန် frame တွေနဲ့ မတူတဲ့ သပ်ရပ်မှုတွေကို တွေ့ရမှာပါ။
[two_fourth class=”” last=”no” ]
[/two_fourth]
[two_fourth class=”” last=”yes” ]
[/two_fourth]
Screw type frame ဖြစ်ပြီး ၊ Frame ကို တပ်မယ် ဆိုရင် screw ၄ လုံးကို ဖြုတ် ၊ ၂ ခြမ်းဖြစ်သွားတဲ့ Frame ထဲမှာ ဖုန်းကို အထိုင်ချပြီး တပ်ထားရမယ့် design ပါ။ ဒါကြောင့်လည်း ကျွန်တော်က ဒီ frame ကို ဖက်ရှင်နဲ့ လိုက်ပြီး လဲသုံးဖို့ မဟုုတ်ပဲ add-on protection အနေနဲ့ သုံးတဲ့ အမျိုးအစားလို့ သတ်မှတ်ချင်တာပါ။ တပ်လိုက်ပြီးရင်တော့ ဘောင်တွေ ၊ ထောင့်တွေရဲ့ protection ကတော့ အတော်ကို ကောင်းမွန်သွားတာ ခံစားရပါတယ်။
[two_fourth class=”” last=”no” ]
[/two_fourth]
[two_fourth class=”” last=”yes” ]
[/two_fourth]
တစ်ခုပဲ ၊ Evo Frame တပ်ပြီးသွားရင်တော့ ဖုန်းကိုကိုင်တဲ့ အခါ metal feel အပြည့်အဝကြီးမို့ ၊ TPU(soft plastic), Hard plastic cover တွေနဲ့ပဲ ကိုင်တတ်တဲ့ သူတွေ အတွက်တော့ နည်းနည်း ထူးခြား နေလိမ့်မယ်ဗျ။ ဒါ့အပြင် ဘေးဖက်တွေက hollow design ကြောင့် ဖုန်းကိုု ကိုင်ထားတဲ့ အခါ အပြည့်မဟုတ်တဲ့ (ကျွန်တော် စာနဲ့ ရေးမပြတတ်တဲ့) feeling တစ်ခု တော့ ရှိနေပါလိမ့်မယ်ဗျာ။ နောက်တစ်ခုက frame ရဲ့ design ကြောင့် ဖုန်းက ပိုပြီး လေးထောင့် ကျသွားသလို တော့ ရှိပါတယ်။ ဒါတွေ အိုကေ ဆိုရင်တော့ ကျန်တာ ဘာပြသနာမှ မရှိအောင်ကို ၊ အိုုကေမှာ ၊ စိုပြေပါတယ်။ 🙂 😀
[two_fourth class=”” last=”no” ]
[/two_fourth]
[two_fourth class=”” last=”yes” ]
[/two_fourth]
အခု အချိန်ထိတော့ ROCK ကလည်း iPhone နဲ့ S6 အတွက် ထုတ်ထားပြီး ၊ Myanmar Lifestyle Online Store မှာလည်း ဒီဖုန်း ၂ မျိုး အတွက် ရှိနေပါပြီဗျာ။ အောက်က ပုံလေးတွေမှာ နှိပ်ပြီး အားရပါးရ ဝယ်လို့ ရပါပြီလို့ 😀 🙂