S7 နဲ့ ဟိုလိုလို ဒီလိုလို
~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို …
ပြောရဦးမယ်ဗျ။ S7 က ၂၀၁၆ ဆိုရင် လာတော့မှာလေ။ အဲ့ဒီမှာ S7 ၁ မျိုုး မဟုတ် ၊ ၂ မျိုး ထုတ်မှာ မဟုတ် ၊ ၃ လုံး တောင် ထုတ်မှာ ဆိုပဲဗျ။
ကွာသွားမှာက အတွင်းက chip တွေလို့ ဒီနေ့ သတင်းထွက်လာပါတယ်။
၂ မျိုးက Samsung ရဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့ Exynos chip တွေနဲ့ ၊ နောက် ၁ မျိုးကတော့ chip လောကမှာ ဆရာ တစ်ဆူ ဖြစ်တဲ့ Snapdragon ရဲ့ 820 chip နဲ့ လို့ ပြောလာကြတာပါ။ S7 ဝယ်မယ်ဆိုရင် ချစ် တွေ အကြောင်း သိထားရဦးမယ့့် ပုံပဲဗျ.. ဟဲဟဲ
Chip တွေကတော့ single core တို့ multi-core တို့ ၊ ကျွန်တော်လည်း သိပ်တော့ နားမလည်ပေါင် … အတိအကျ သတင်းထွက်လာမှပဲ သေချာ လေ့လာရမယ့် သဘောပဲဗျ။
ထူးထူးခြားခြား Snapdragon chip နဲ့ လာမယ့် S7 မှာ အပူစီးဆင်းမှု ပိုကောင်းအောင် specialized thermal heat pipe design ပါမယ် ဆိုပဲဗျ။ ဒါကတော့ Samsung အတွက် အထူး လိုအပ်ချက် ဖြစ်လေမလား … သူတို့ကတော့ စွမ်းဆောင်ရည် ပိုကောင်းအောင်လို့ ပြောကြတာပါပဲလေ… 😛 😀
လောလောဆယ်တော့ ဒီလောက်ပဲဗျ။ ထပ်သိရရင် ထပ်ပြောပြပါဦးမယ်ဗျာ။
😀 🙂
Source: Redmondpie