Samsung ခေါက်ဖုန်း မကြာမှီ လာမည် … မျှော်
~~~ ေယူနီကုဒ်နဲ့ဖတ်မယ်ဆို …
ခေါက်ဖုန်းက ဈေးကြီးပေး ဝယ်ရတဲ့ အပြင် ၊ ပထမဆုံး ကိုင်တဲ့ ဖုန်းမို့ မပစ်ရက်ပဲ အမှတ်တရ အံ့ဆွဲထဲ ထည့်သိမ်းထားတုန်းဆိုရင်တော့ အဲ့ဒီ ခေါက်ဖုန်းကတော့ အခု “ဘယ်လိုရှိစ” လို့ ပြောနေလောက်ပြီဗျ။ ခလုတ်မပါတဲ့ touch တွေ ၊ super touch တွေ ပြီး ၊ အခု သံသရာ တစ်ပတ်လည် ခေါက်ဖုန်း ပြန်ရောက်လို့ လာပြန်ပါပြီ။
ဒီ သတင်းက ပြီးခဲ့တဲ့ နှစ်တွေ ထဲက ထွက်ထားပေမယ့် အခုတော့ အွန်လိုင်းပေါ် ပုံတွေ ရောက်လာတာပါ။ ပုံတွေကို ကြည့်ကြည့်ဗျ…
S6 Edge လေးနဲ့ တူတာ ၊ ဘေးမှန် အခုံးလေးတွေနဲ့ ရယ် ၊ သတင်းတွေ ထွက်လာတဲ့ အတိုင်းဆို ဒီဖုန်းရဲ့ အတွင်း ၊ အပြင် screen ၂ ခုက အရွယ်တူတယ်ဗျ။ 768 x 1,280px resolution (383ppi) နဲ့ပါ။ အရွယ်အစားက 120.4 x 61 x 15.1mm ကို 204g လေးတယ်လို့ ရေးထားပါတယ်။
3GB RAM ကိုမှ 64GB storage နဲ့လို့လည်း ပြောကြပါသေးတယ် ခင်ဗျ။ SIM switch ခလုတ်လည်း ပါတယ် ဆိုလား ပြောသေးတော့ ဒါ dual SIM ဖြစ်ဖို့ များပါတယ်။
ကင်မရာကတော့ သတင်းထွက်ထားတဲ့ အတိုင်းဆိုရင် 8MP နဲ့ 5MP ဖြစ်မှာပါ။ ခေါက်ဖုန်းရဲ့ အားသာချက်က နောက်ကင်မရာနဲ့ selfie ရိုက်လည်း အဆင်ပြေတာမို့ မဆီမဆိုင် တက္ကသိုလ် ကျောင်းသား ဘဝကိုတောင် သတိရမိသေး .. 😛 😀
Source: CNet Update, GSMArena