Sony SmartBand 2

~~~ ဇော်ဂျီနဲ့ ဖတ်မယ်ဆို …

Sony က SmartBand 2 ကို ချပြလိုက်ပါတယ်။ Fitness tracker လို့ ပြောရင် ပိုမှန်မှာပါဗျာ။

သူ့မှာက ဘာ screen မှ မပါပဲ ရောင်စုံ LED light တွေပဲ ပါမှာပါ။ အရင်ထွက်ထားတဲ့ SmartBand ကို အဆင့်မြင့်ထားတာ ဖြစ်ပြီး ၊ advanced heart-rate monitor ပေါင်းထည့် ပေးထားတာလို့ YouTube မှာ ကြည့်လိုက်ရပါတယ်။ SmartBand မှာ ပါတဲ့ LED မီးတွေ နဲ့ အတူ vibration ကို သုံးပြီး missed call တို့ ၊ message တို့ ၊ email ၊ tweet စတဲ့ notification တွေကို ပတ်ထားတဲ့ လက်ကို ပို့ပေးမှာတဲ့ဗျာ။

ဒါပေါ့ ၊ alarm ပေးထားရင်လည်း အသာလေး လှုပ်နှိုးပေးဦးမှာ 😀 🙂

သုံးလို့ ရတာကတော့ (Android 4.4 KitKat နဲ့ အထက်) Xperia Phone တွေ သုံးလို့ ရမယ် ၊ iOS ဆိုရင် iOS 8.2 အထက်တွေ ရမှာပါ။

ရေစိုခံတွေ နာမည်ကြီးတဲ့ Sony မို့ ၃ မီတာ ထိ ၊ မိနစ် ၃၀ ကြာ စိမ်လို့ ရမှာပါ။

အော် နေဦးဗျ။ သူက mood တွေ fitness တွေ အပြင် stress level ကိုပါ တိုင်း ပေးဦးမှာ ဆိုပဲ။ အလုပ်လုပ်မှာကတော့ Lifelog app နဲ့ တွဲပြီး အလုပ်လုပ်ပေး မှာ။

blog-smartband2-2

လက်ပတ်ကတော့ အဖြူ ၊ အနက် ၊ ပန်းရောင် ၊ ခရမ်းရောင်တွေ နဲ့ ထုတ်မှာ။ စက်တင်ဘာမှာ ဝယ်လို့ ရမှာ ၊ စျေးကတော့ 132 ဒေါ်လာ

😀 🙂

Source: The Next Web

Leave a Reply

Your email address will not be published. Required fields are marked *