Communication Skill: Ice Breaking Techniques

မြန်မာလိုဖတ်ဖို့ ဒီမှာနှိပ်ပါဗျာ

Imagine! You are hanging out with a friend at a bar after a workday, trying to share your day and ready to get some ideas and thoughts from your friend, but you are only getting imm, yes, and no.

Bad, right?
This is where you need to break the ice and make the conversation smooth.

What is breaking the ice?

Breaking the ice means talking in a way that makes the other person feel good and comfortable with you while talking.

During interpersonal communication, we are usually tied up in a situation in which the person we are talking to just replies with yes or no.

I know, just answering with yes or no is sometimes the requirement of circumstances, but when you are talking to your friend or a colleague then getting replies with just yes or no starts disturbing you. And you start thinking: Shall I conclude and go back home?

Actually, there are a few fixes to figure it out. So before moving on to the ways of breaking the ice, let us learn the two most possible reasons due to which the conversation stalls.

You are discussing the wrong topic.

Maybe your friend is not distracted, you are discussing a topic which he has no idea what is happening.

Discussing a wrong or controversial topic can create awkwardness because the other person may not feel good about discussing it in detail, and it automatically leads to answering with “Yes” or “No” only or worse, you may even have no reply.

Impact of environment.

When a person you’re talking to is tense or not in a good mood. It means he is in the impact of an environment, that’s why he is giving short replies. (In this case, maybe you need to stop talking and start listening. He may have a more important matter to say than yours.)

But don’t worry! Here are the 4 proven ways to carry out the conversation smoothly and pleasantly.

Keep the conversation going.

If you are facing short replies while talking to a friend, one of the ways is to keep your conversation going.

Your goal is to remove this state of Yes or No, so you need to continue asking questions as there are chances of that person going into detail. But be aware of this tip. (You need to know the boundary and if you push too much, you might strain your relationship and label yourself as an inconsiderate person.)

Change the topic.

Adapting the situation and ability to change is not only an important skill you might need in leading your business, it might help you with your relationship skill as well.

If you are feeling something wrong, try changing the topic, and start talking about something gripping.

If you’re talking to your friend, relative, or any person you know well, then try to discuss his or her favorite topic.

It would help you break the ice more effectively.

Recall the memories.

This one works almost every time. We all love to talk about memories, so whenever conversation breaks, try to discuss some memories to continue the conversation.

But how would you apply this if you’re talking to a person whom you know quite recently?

No worries! Memories are not only personal but there are some global events that you can discuss, you can recall the best football match, eh?

Respect and be considerate.

Whatever you choose to do, keep on talking or changing the topic or recalling the memories, bear in mind that you are talking with a human being and you need to aware of what is going on with his life. If you think leaving your friend alone right now is the best option, you might respect his decision.

You need to keep in mind that your behavior can disturb the other party and can make the situation worse. You have to deal with it in a clever way.

So, this is it. These are 4 useful ways to break the ice.

Conclusion.

People can be hard to deal with. You need to handle the situation smartly, confidently and of course, with a respect too.

Communication barriers may exist, but you can sort them out by using the right strategies.

Do you have some more ways to break the ice?

We love to hear it from you, do share in the comments.

ပိုကောင်းတဲ့ဆက်ဆံရေးတွေဖြစ်ဖို့

ညနေညခင်း အေးဆေး ဘီယာလေး မော့ရင်း ကိုယ်တွေကတော့ အားကျိုးမာန်တက် ပြောနေဆိုနေ ၊ တစ်ဖက်လူကတော့ အင်းမလုပ် … အဲမလုပ် … ကြုံဖူးတယ် ဟုတ် ???

တခါတလေလဲ “အင်း” “ဟုတ်တယ်” “မဟုတ်ဘူး” လောက်နဲ့ လုံလောက်တဲ့ အခြေနေရှိပေမယ့် ၊ ထင်တာမြင်တာလေး ပြန်ပြောစေချင်တဲ့အခါ ၊ ဒါမှ မဟုတ် စိတ်ပါလက်ပါ နားထောင်စေချင်တဲ့အခါမျိုးမှာ ဒီလို အင်းမလုပ် အဲမလုပ်တွေနဲ့ တွေ့ရင် အာရုံနောက်ပြီ။

ဒီလိုအခြေနေနဲ့ ကြုံရင် ရှေ့ပဲဆက်တိုးရမလား ၊ တပ်ခေါက်ပြီး အိမ်ပဲပြန်ကြမလား။

အခုဒီမှာတော့ တပ်ခေါက်မပြန်ခင် သုံးကြည့်လို့ရမယ့် နည်းလမ်းလေးတွေ ကျွန်တော် စဉ်းစားထားတယ်ဗျ။

နည်းလမ်းလေးတွေ မပြောခင် ဘာကြောင့် အင်းမလုပ် ၊ အဲမလုပ်ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းကို အရင်တွေးကြည့်ရင် ဖြစ်နိုင်တာက

ခေါင်းစဉ်မှားနေတာ

ကိုယ့်ဖက်ကတော့ ထဲထဲဝင်ဝင် သိတဲ့ အကြောင်းကိစ္စမို့ အားကြိုးမာန်တက် ပြောနေပါရဲ့ ၊ တစ်ဖက်လူက အဲ့ဒီ အကြောင်းကို သေချာနားမလည်သရွေ့တော့ အင်းမလုပ် ၊ အဲမလုပ်ပဲ ပြန်စာ ရမှာကတော့ မဆန်းဘူးလေ။ [space ]

နောက်တစ်ခုဖြစ်နိုင်တာက …

အခြေအနေ မကောင်းတာ

နားထောင်နေတဲ့သူက တစ်နေ့လုံး ဘူပိတ်လာတာ ဖြစ်ကောင်းဖြစ်မယ်။ အိမ်မှာ ပြဿနာ နည်းနည်း ရှိလာတာ ဖြစ်ကောင်းဖြစ်မယ် ၊ အားနာပါးနာနဲ့ ကိုယ်နဲ့ လာထိုင်နေရတာမျိုးမှာ ကိုယ့်ဖက်ကပဲ လိမ့်ပြီး တော်ကီပစ်နေမယ်ဆိုရင်လဲ မနိမ့်ဘူးဗျ။ အကယ်လို့ ဒီလိုသာ ဖြစ်ရိုးမှန်နေရင်တော့ သူ့ဖက်ကို သေချာနာထောင်ပေးဖို့ ကြိုးစားလိုက်တာက ပိုပြီး သူငယ်ချင်းကောင်း ပီသလိမ့်မယ်ဗျ ၊ နော။

ထားပါတော့ ကျွန်တော်တို့ တပ်မခေါက်ပဲ ရှေ့ဆက်မယ့် နည်းလမ်းလေး လေးမျိုးဆီသွားရအောင်

ဟုတ်တယ်၊ နည်းနည်းတော့ အောင့်သက်သက်နိုင်ပေမယ့် ၊ အရူးကွက်နင်းပြီး ဆက်သာ ပြောကြည့်ပါ။ အချိန်နည်းနည်း ကြာလာရင် စိတ်ဝင်စားလာနိုင်ကောင်းပါရဲ့။ (မျှော်လင့်တာပေါ့ … ဟက်ဟက်…) ငါးမိနစ်လောက် အာရုံ လွင့်နေပြီးမှ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်လာတာမျိုးလဲ ဖြစ်နိုင်တာပဲလေ။ ဒါကြောင့် ချက်ချင်းကြီးတော့ တပ်မခေါက်လိုက်ပဲ အချိန်နည်းနည်းကြာတဲ့ထိ ဆက်ပြောကြည့်ပါ။

ဒီလိုပြောနေပေမယ့် မလှုပ်တော့ဘူးဆိုရင်တော့

အခြေနေပေါ်လိုက်ပြီး အမြန်ပြောင်းလဲရတာ စီးပွားရေး အတတ်ပညာတင်မဟုတ် ၊ လူမှုရေးမှာပါ အတော် အသုံးဝင်သဗျ။ အခြေနေ မဟန်ရင်တော့ အကြောင်းရာသာ ပြောင်းပစ်တော့။ ကိုယ်နဲ့ ပြောနေတာ ကိုယ့်သူငယ်ချင်းဆိုရင်တော့ သိပ်မခက်ဘူးလေ .. သူစိတ်ဝင်စားမယ့် အကြောင်းအရာကိုသိပြီးသားဖြစ်ဖို့များတော့ သေချာပေါက် စိတ်ဝင်စားမယ့် အကြောင်းသာ ပစ်သွင်းတော့ဗျို့။

အကြောင်းအရာပြောင်းဖို့ အဆင်မပြေဘူး ဆိုပါစို့ ၊ အမှတ်တရ အကြောင်းကိစ္စ ရှိရင် အဲ့ဒီ အကြောင်းအရာသာ ပစ်သွင်း ၊ ဒီတစ်ခါတော့ လှုပ်လာဖို့များတယ်။ “ဟာ.. အမှတ်တရ အကြောင်း ပြောရလောက်အောင် ခင်ထားတာမဟုတ်လို့ အမှတ်ရစရာစဉ်းစားလို့မရဘူး” ဆိုရင်လဲ ဘာမှ ကြာကြာတွေးမနေနဲ့ တဲ့ အားလုံးကြိုက်မယ့် အကြောင်းကိစ္စ တစ်ခုသာ အစဖော်ပေတော့ ၊ ဘောလုံးပွဲတို့ ၊ ကိုဗစ်တို့ အစုံ ရှိတာပဲလေ။

ဒါကတော့ အရေးကြီးဆုံးပါ။ ကိုယ်ချည်းပဲ ပြောချင်နေလို့မဖြစ်ဘူးလေ။ တစ်ဖက်လူဘာဖြစ်နေလဲဆိုတာလဲ တီးခေါက်ဦးမှ ဖြစ်မှာ။ အခြေအနေ ဘာမှန်းမသိပဲ ကိုယ်ပြောချင်တာပဲ စွတ်ပြောနေရင် တစ်ဖက်လူ စိတ်ထဲမှာတော့ အလိုက်ကန်းဆိုး မသိတဲ့ကောင်လို့ သတ်မှတ်လိုက်ရင်တော့ နောင်များ ဘယျာလေးသောက်ရင်း တော်ကီလေးပစ်ရအောင်လို့ ချိန်းလိုက်ရင် နိုးနိုး … မအားလို့… ဖြစ်မယ်လေ။

ဒါကြောင့် “အင်း…” လိုလို ၊ “အဲ…” လိုလို တွေနဲ့ တွေ့ရင် ဒီ အချက်လေးတွေနဲ့ ကြိုးစားကြည့်။ တချိန်ထဲမှာ တစ်ဖက်လူကိုလဲ အကဲခတ် ၊ စာနာ နားလည်ပြီး လိုအပ်ရင် ပါးစပ်ပိတ် ၊ နားထောင် … ဒီလိုနဲ့ ပေါင်းသင်းဆက်စပ်ရေးကို ပိုလို့ ကောင်းမွန်တိုးတက် လာပါစေဗျား ….

Leave a Reply

Your email address will not be published. Required fields are marked *