မရောင်းခင် ဈေးလျော့တဲ့ Z5
~~~ ယေူနီကုဒျနဲ့ ဖတ်မယ်ဆို …
မှတ်မိတယ်ဟုတ်… ပြီးခဲ့တဲ့ အပတ် Belin မှာ လုပ်တဲ့ IFA – International Electronic Fair မှ ချပြသွားတဲ့ Z5 ၃ မျိုးကို။ မမှတ်မိတော့ရင် ဒီမှာ ဖတ်လို့ ရတယ်ဗျ။ 😛 😀
ခု.. အဲ့ဒီ Z ၃မျိုးကို ဈေးလျော့ပေးလိုက်ပြီ ၊ ဟုတ်တယ်။ မရောင်းခင်ကတည်းကကို ဈေးလျော့ လိုက်တာ။ လျော့မှလည်း ဖြစ်မယ်လေ။ အမြင့်ဆုံး Z5 Premium က ဒေါ်လာ ၁၀၀၀ ကျော် ဖြစ်နေတာကို …
အရင်က ဈေးက ဒီလိုဗျ
Xperia Z5 – £599 ($912)
Z5 Compact – £549 ($836)
Z5 Premium – £699 ($1,065)
ဟုတ်တယ် ၊ ကြောက်ခမန်းလိလိ ၊ ခုတော့ ဒီလို
Xperia Z5 – £549 ($836)
Z5 Compact – £429 ($653)
Z5 Premium – £629 ($958)
ဒါလည်း ပြောသာ ပြောတာ ကြောက်ဖို့တော့ ကောင်းနေတုန်းပဲ ၊ ဒါပေမယ့် Z ရဲ့ စူပါ fan တွေကတော့ မှုမယ် မထင်ဘူးဗျ။ ဝယ်ဖို့ စောင့်နေလောက်ပြီ။
ဈေးတွေက ပုံထဲက အတိုင်း UK Store မှာ ပြောင်းထားတော့ ကျန်တဲ့ နေရာတွေမှာလည်း လိုက်လျော့မယ် မှန်းရတာပဲလေ။ battery ၂ ရက်ခံမယ့် ဖုန်းတဲ့ ၊ စောင်ကြည့် ကြဦးစို့ ဗျ ၊ နော
Source: 9 to 5 Google