Facebook ရဲ႕ drone ၊ ready ျဖစ္ၿပီ

Facebook မွာ non-profit project တစ္ခုရွိတယ္ဗ်။ Internet.org ။ သူက ကမာၻပၚ မွာ ရွိတဲ့ internet မရေသးတဲ့ နိုင္ငံေတြ မွာ အင္တာနက္ သံုး လို႔ ရေအာင္ ႀကိဳးစားေနတာေပါ့ဗ်ာ။
Facebook ကလည္း အဲ့ဒီ အတြက္ နည္းလမ္း အမ်ိဳးမ်ိဳးကို ဖန္တီး ေနတာ။ တေလာကလည္း data ေတြ ပိုၿပီး ထိထိေရာက္ေရာက္ ေ႐ြ႕ဖို႔ ဆိုၿပီး laser beam ေတြ ထြင္တာလည္း ဖတ္လိုက္ရေသးပါတယ္။ ဒီေန႔ေတာ့ drone အေၾကာင္းဖတ္လိုက္ရတယ္ ခင္ဗ်။ ၿပီးခဲ့တဲ့ ၁၄ လ ကတည္းက စ ထားတဲ့ project ေပါ့ ၊ ေမာင္းသူမဲ့ drone နဲ႔ အင္တာနက္ ျဖန္႔မွာ။ အခု drone ကေတာ့ ၿပီးသြားပါျပီ။ Solar panel ေတြနဲ႔ ေဆာက္ထားၿပီး ၈၈၀ ေပါင္ ေလးပါတယ္။ နာမည္က Aquila လို႔ ေပးထားတာပါ။
Facebook ရဲ႕ အစီအစဥ္က ဒါမ်ိဳး drone ေတြ အမ်ားႀကီး ေလထဲဝဲၿပီး ၿဂိဳလ္တုက တဆင့္ လႊင့္ေပးတဲ့ အင္တာနက္ကို drone ေတြ အခ်င္းခ်င္း ဆက္သြယ္ၿပီး အသစ္ဖန္တီးေနတဲ့ laser beam လို နည္းပညာနဲ႔ ေအာက္ ၁၁ မိုင္ေလာက္မွာ ရွိတဲ့ internet.org app ကိုသံုးေနတဲ့ သူဆီ အင္တာနက္ ျဖန္႔ေဝေပးမွာ။ ဒီ drone ေတြ ကေတာ့ commercial ေလယာဥ္ေတြ ၊ weather balloon ေတြ မပ်ံေလာက္တဲ့ အျမင့္ေပ ၆ ေသာင္း ၊ ၉ ေသာင္း မွာ ဝဲေနဖို႕ စီစဥ္ထားတာပါ။ အဲ့ဒီ အျမင့္ေပ ေရာက္ေအာင္ေတာ့ မိုးပ်ံဖူေပါင္းနဲ႔ အရင္ဆြဲတင္သြားမယ္လို႕ ဖတ္ရပါတယ္။
ေလာေလာဆယ္ေတာ့ ပထမဆံုး drone ကို တည္ေဆာက္ၿပီးသြားတာေပါ့ေလ၊ ေနာက္ၿပီးေအာင္ဖန္တီးရမယ့္ နည္းပညာေတြ ဥပမာ laser beam တို႔ ၾကာရွည္ခံမယ့္ battery တို႔ စတေတြ ေတာ့ အမ်ားႀကီး က်န္ပါေသးတယ္။
ဒီ drone ကို ဒီႏွစ္ထဲ မွာ test flight လုပ္ေတာ့ မွာပါ ၊ ပိုေကာင္းတဲ့ ကမာၻေျမႀကီးျဖစ္ဖို႕ Facebook ရဲ႕ ေျခလွမ္းေတြေပါ့ …
🙂 😀
~~~ Facebook မှာ non-profit project တစ်ခုရှိတယ်ဗျ။ Internet.org ။ သူက ကမ္ဘာပါ် မှာ ရှိတဲ့ internet မရသေးတဲ့ နိုင်ငံတွေ မှာ အင်တာနက် သုံး လို့ ရအောင် ကြိုးစားနေတာပေါ့ဗျာ။
Facebook ကလည်း အဲ့ဒီ အတွက် နည်းလမ်း အမျိုးမျိုးကို ဖန်တီး နေတာ။ တလောကလည်း data တွေ ပိုပြီး ထိထိရောက်ရောက် ရွေ့ဖို့ ဆိုပြီး laser beam တွေ ထွင်တာလည်း ဖတ်လိုက်ရသေးပါတယ်။ ဒီနေ့တော့ drone အကြောင်းဖတ်လိုက်ရတယ် ခင်ဗျ။ ပြီးခဲ့တဲ့ ၁၄ လ ကတည်းက စ ထားတဲ့ project ပေါ့ ၊ မောင်းသူမဲ့ drone နဲ့ အင်တာနက် ဖြန့်မှာ။ အခု drone ကတော့ ပြီးသွားပါပြီ။ Solar panel တွေနဲ့ ဆောက်ထားပြီး ၈၈၀ ပေါင် လေးပါတယ်။ နာမည်က Aquila လို့ ပေးထားတာပါ။
Facebook ရဲ့ အစီအစဉ်က ဒါမျိုး drone တွေ အများကြီး လေထဲဝဲပြီး ဂြိုလ်တုက တဆင့် လွှင့်ပေးတဲ့ အင်တာနက်ကို drone တွေ အချင်းချင်း ဆက်သွယ်ပြီး အသစ်ဖန်တီးနေတဲ့ laser beam လို နည်းပညာနဲ့ အောက် ၁၁ မိုင်လောက်မှာ ရှိတဲ့ internet.org app ကိုသုံးနေတဲ့ သူဆီ အင်တာနက် ဖြန့်ဝေပေးမှာ။ ဒီ drone တွေ ကတော့ commercial လေယာဉ်တွေ ၊ weather balloon တွေ မပျံလောက်တဲ့ အမြင့်ပေ ၆ သောင်း ၊ ၉ သောင်း မှာ ဝဲနေဖို့ စီစဉ်ထားတာပါ။ အဲ့ဒီ အမြင့်ပေ ရောက်အောင်တော့ မိုးပျံဖူပေါင်းနဲ့ အရင်ဆွဲတင်သွားမယ်လို့ ဖတ်ရပါတယ်။
လောလောဆယ်တော့ ပထမဆုံး drone ကို တည်ဆောက်ပြီးသွားတာပေါ့လေ၊ နောက်ပြီးအောင်ဖန်တီးရမယ့် နည်းပညာတွေ ဥပမာ laser beam တို့ ကြာရှည်ခံမယ့် battery တို့ စတတွေ တော့ အများကြီး ကျန်ပါသေးတယ်။
ဒီ drone ကို ဒီနှစ်ထဲ မှာ test flight လုပ်တော့ မှာပါ ၊ ပိုကောင်းတဲ့ ကမ္ဘာမြေကြီးဖြစ်ဖို့ Facebook ရဲ့ ခြေလှမ်းတွေပေါ့ …