Planning A Camping Experience in Myanmar During Covid-19
မြန်မာလိုဖတ်ဖို့ ဒီမှာနှိပ်ပါဗျာ
Are you looking to spend time out in nature but are worried about the strict Covid-19 travel restrictions might hinder you? Worry no more.
Camping is one of the best ways to spend your time outdoors during the pandemic, allowing for compliance with the Covid-19 regulations while having fun too. Here are tips to help you plan a great camping experience with ease during the pandemic.
If this is your first-time camping, it is always advisable to make a booking for your camping adventure. Try as much as possible to book the campgrounds near where you live or book a camping trip through a camping tour operator. A short trip within your community will eliminate non-essential travel and keep you within reach of family and authorities should something come up.
The grounds you settle for should also be Covid-19 compliant. If you are on an organized tour package, try asking them whether they have clean bathroom facilities available. They should also have regulations regarding the use of these facilities, and these should be communicated to you well in advance.
You’ll be exposing yourself and others to the risk of contracting Covid-19, so it is highly recommended that you take extra caution while on camp. Observe social distance always. If the operator lets you pitch your own camping tent, it would be best if you pitched your tent away from other campers’ tents. Be sure to mask up whenever you are near other campers. Carry your hand sanitizers and use them regularly.
Carry your utensils, tools, and every other item you might need during your trip, and avoid sharing with others as much as you can. Make sure facilities like bathrooms are well disinfected before you use them. If you want to be so sure, we have disposable toilet seat covers for you.
The best site should also be near a firewood source in case you require to fix your meals during the camp and enjoy a campfire. Ensure that the site you choose is away from any danger zones for natural disasters like flash floods, falling rocks, under dead branches, etc. Your campsite should also be far from insect breeding areas like stagnant lakes or wet meadows.
Your tent will be your house while you are away camping, protecting you from external elements, and ensuring your privacy. When choosing the right tent, consider the weather conditions of the area you’ll be camping in. You should also take into account how many people will be using the tent. It is good to select a tent that’s easy to set up and pack up.
Once you have your tent, practice pitching it up before going to camp. Doing so will save you time and make it easy for you to set up once you arrive at the site.
[space ]
It will also help ensure you have the guy ropes, all tent pegs, and poles accounted for before leaving for your trip. Remember to carry the tent’s manual guide (if any) to camp with you. It comes in handy in the event you don’t know or have forgotten something about the tent while pitching it.
Once you have your campsite booked and your tent ready, it’s advisable to ensure you have all the things you’ll require for your trip prepared before taking off for your trip. The most critical items you must pack for your trip are;
Stock up on masks, gloves, hand sanitizers, and all toiletries you will require, so you don’t run out or be forced to share while at camp. Pack your own well-stocked first aid kit and be prepared to deal with any minor injuries or emergencies that could crop up at camp.
Your first aid kit should contain an antiseptic, painkillers like ibuprofen, cotton wool, and gauze to help with minor injuries. If you or another camper gets a severe injury, call an ambulance or immediately rush to the hospital. If you have to give first aid to another person while at camp, make sure to mask up and put on gloves before handling them.
Remember to pack extra batteries for your flashlights as you might need them. If you are camping without the tour operator and you have your car nearby, it is a good idea to carry repair tools like a saw or axe, a hammer, tent-pole repair sleeve, a multi-tool, extra cord, duct tape, pad/mattress repair kits, a small broom and dustpan for repairing and cleaning your tent and campsite as and when required.
While camping for the first time, you should arrive at the campground well before it gets dark so that you pitch your tent correctly and in good time to avoid the last-minute rush. You will also be able to select an ideal spot to pitch your tent away from any danger and at a safe distance from other tents/campsites to ensure social distance.
Select a flat spot to pitch your tent where there’s no debris. Make sure the area is away from any fire or water source. Take advantage of any natural barriers like big immovable rocks or trees to shield your tent from wind and rain. Look out for the right position to angle your tent so that you can enjoy the morning sun’s amazing views in the surrounding sceneries from the comfort and privacy of your tent.
Once you have your spot, spread out your tent’s groundsheet or footprint. Ensure the door to the tent faces away from the wind. Zip the door and windows, so your tent is not blown up by the wind while assembling.
You can opt to make your meals while at camp. Cooking adds to your fun-to-do activities during your trip and gives you the option of eating warm, healthy food outdoors. If your campground doesn’t provide clean water, you can carry your own for cooking and drinking. You will need to pack a stove and fuel, cook pots, and matches for lighting a fire, plates, and mugs to serve your meals, a bottle opener, a knife, and a cutting board for preparing the food.
Remember to pack a sponge and soap for cleaning your utensils and some trash bags to collect your trash in. Store all your food items and utensils in the car at night to avoid attracting wild animals to your tent.
REMEMBER: Always clean up and collect your trash. Due to the Covid-19 regulations regarding disposal and handling of waste, you might be required to carry your trash home for disposal. Carry your trash bags and keep the full ones safely in the car awaiting disposal.
Finally, follow all the stipulated Covid-19 regulations to ensure your safety and that of other campers at all times. You can get all your camping accessories here.
Planning A Camping Experience in Myanmar During Covid-19 အလွန်ကာလတွေမှာ Camping လုပ်မယ်ဆိုရင် ….
Covid ကာလမှာ လုပ်ချင်တာတွေ မလုပ်ရလို့ ချောင်ပိတ်မိသလို ခံစားနေရရင် စိတ်မပျက်ပါနဲ့ ၊ ကိုယ်တစ်ယောက်တည်း အဲ့လို ခံစားရတာမဟုတ်ပါဘူး 😜
ဘယ်မှမသွားရလို့ အာရုံနောက်စရာကောင်းပေမယ့် ၊ နီးနီးနားနား camping ထွက်လို့ရတယ်လေ။
Camping တခါမှ မလုပ်ဖူးရင်တောင် စိတ်သိပ်ပူစရာ မရှိပါဘူး။ အခု camping tour စီစဉ်ပေးတဲ့ tour operator တွေလဲ Myanmar နိုင်ငံမှာ တော်တော်လေးများလာပြီဆိုတော့ travel restriction လဲလွတ် ၊ ကိုယ်လဲ စိတ်ပြေ လက်ပျောက်ဖြစ်မယ့် camping experience ယူကြည့်ပါလား။ Covid ဆိုတာလဲ တစ်ခါမှ မစမ်းဖူးတာတွေ စမ်းကြည့်ရတဲ့ အချိန်ပဲ ဆိုတော့လေ … 😅
တကယ်လို့ tour operator နဲ့ သွားရင်တော့ ကထိကထ သိပ်များများ စားစား မရှိပေမယ့် ကိုယ်တိုင်စီစဉ်တာ ဆိုရင်တော့ camping နဲ့ ပတ်သက်လို့ သိထားသင့်ထားလေးတွေတော့ ရှိတယ်ဗျ။ ဟောဒီ post မှာတော့ tour operator နဲ့ပဲ သွားသွား ၊ ကိုယ်တိုင်ပဲ စီစဉ် စီစဉ် ကြိုတင်စဉ်းစားထားရမှာလေးတွေ စုပေးထားပါတယ်ဗျာ။
Tour operator နဲ့သွားမယ်ဆိုရင် ကြိုပြီး booking မယူလဲ မရတော့ ပြောစရာသိပ်မရှိပေမယ့် ၊ ကိုယ်တိုင် စီစဉ်ပြီး camping ထွက်မယ်ဆိုရင်တော့ သွားမယ့် နေရာက permission ကြိုယူရလား ၊ အများပိုင်နေရာလား ၊ ကိုယ်ပိုင်နေရာလား ၊ camp လုပ်လို့ရလား စတာတွေ ကြိုလေ့လာပြီး permission ယူစရာရှိရင်ယူ ၊ booking ယူရမယ်ဆိုရင်လဲ ကြိုလုပ်ထားတာ အကောင်းဆုံးပဲဗျ။ မဟုတ်ရင် သွားမောကြီး ဖြစ်ဦးမယ်။
ကိုယ်သွားမယ့် camping ground က Covid-19 ကန့်သတ်ချက်တွေနဲ့ လွတ်ကင်းရဲ့လားလဲ တစ်ချက်ကြည့်ဦးဗျ။ အကယ်လို့ tour operator နဲ့ သွားတာဆိုရင် အိမ်သာတက်ဖို့ တောထဲဆင်းရမှာလား ၊ အိမ်သာ စီစဉ်ထားတာ ရှိ ၊ မရှိ။ အိမ်သာကိုလဲ Covid-19 ကန့်သတ်ချက်တွေနဲ့ ပြင်ဆင်ထား ၊ မထား မေးကြည့်ပါဗျာ။
ပြီးတော့ အခုလိုအချိန်က camping ပဲ ဖြစ်ဖြစ် ၊ ဘယ်နေရာရောက်ရောက် ဂရုစိုက်ရမယ့် အချိန်ဆိုတော့ camping ရောက်လို့ အပျော်တွေလွန် ၊ အကာအရံတွေ ခွာချလို့လဲ မဖြစ်ပြန်ဘူး။ လိုအပ်တဲ့ social distancing ကို ဆက်ပြီး လုပ်ပေးနေဖို့ လိုသလို ၊ လိုအပ်တဲ့အချိန်မှာ mask တပ်ထားဖို့ ၊ hand sanitizer နဲ့ လိုအပ်ရင် လိုအပ်သလို လက်သန့်စင်နေဖို့လဲ မမေ့ပါနဲ့ဗျာ။ အကယ်လို့ tour operator နဲ့ သွားသည့်တိုင် ကိုယ်နေမယ့် camping tent ကို ကိုယ်ကြိုက်တဲ့နေရာ ထားခွင့်ရှိရင် လူရှင်းမယ့် နေရာလေးရွေးရင်လဲ ကောင်းတာပဲဗျ။
ဖြစ်နိုင်ရင်တော့ စားမယ့်သောက်မယ့် ဇွန်း ၊ ခရင်း ၊ ခွက် စတာတွေ ထည့်သွားတာကောင်းပါတယ်။ တတ်နိုင်သမျှ အများနဲ့ share မလုပ်ဖြစ်အောင် ကြိုးစားတာ ရောဂါကို ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်ဗျာ။ တောတိုးရမှာ မဟုတ်ပဲ အများသုံးအိမ်သာသုံးရမယ်ဆိုရင် လိုအပ်သလို ပိုးသတ်တာမျိုးတွေလုပ်ပြီး ဂရုစိုက်သင့်ပါတယ်။ စိတ်မသန့်ရင်တော့ ကျွန်တော်တို့ဆီမှာ disposable toilet seat cover တွေလဲ ရှိပါတယ်။
အကောင်းဆုံး camp site က မီးဖိုနဲ့ နီးတဲ့နေရာ ဆိုတော့ ဖြစ်နိုင်ရင် မီးဖိုမယ့်နေရာနဲ့ သိပ်မဝေးတဲ့ နေရာကို ရွေးထားရင် camp fire မှာ ဘာလေး ညာလေး ကင်စားမယ်ဆိုလဲ အိုကေတာပါပဲ။ Tent ထိုးမယ် ဆိုရင်သာ ရွေးထားတဲ့ နေရာက ရုတ်တရက် ရေတက်လာနိုင်တဲ့ နေရာ ၊ ကျောက်တုံးတွေ ပြုတ်ကျ မလာနိုင်တဲ့နေရာ ၊ သစ်ကိုင်းတွေ ကျိုးကျ မလာနိုင်မယ့် နေရာဖြစ်အောင်သာ ဂရုစိုက်ပါဗျာ။ ရေကန်နားက ကောင်းတော့ကောင်းပေမယ့် များသောအားဖြင့် ရေသေက ခြင်ပေါတယ်လေ။ ဒါကြောင့် ရေအိုင်တို့ မြက်သိပ်ထူတဲ့ နေရာတို့တော့ ရှောင်နိုင်ရင် ရှောင်ပါလေ့ …
Camping tent က camping ထွက်နေသမျှ ကာလပတ်လုံး ကိုယ့်အတွက် ဂေဟာလေး ဖြစ်နေမှာဆိုတော့ tent ရွေးမယ်ဆိုရင် ကိုယ်သွားမယ့်နေရာရဲ့ ရာသီဥတုလေးနဲ့ ကိုက်တာလေးရွေး ခင်ဗျ။ Tent ထဲမှာ ဘယ်နယောက် နေမှာလဲ ဆိုတာကလဲ အရေးကြီးသလို ၊ ကိုယ်ကိုယ်တိုင်ဆင်ဖို့ ဖြစ်နိုင်လားဆိုတာလေး ကြည့်ပြီး ဝယ်ပေးပါဗျာ။
Tent ရပြီဆိုရင် camping မသွားခင် အိမ်မှာ / ကွင်းပြင်မှာ အရင် ဆင်ကြည့်ထားရင်တော့ ဟိုရောက်မှ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ရတဲ့ ဘဝက ကာကွယ်ပေးနိုင်တယ်လေ … ဟက် ဟက် … 😄
Tent ဆင်ဖို့အတွက် လိုတဲ့ guy rope ၊ tent peg, pole စတာတွေကို camping မသွားခင် အိမ်မှာမကျန်ခဲ့အောင် ဂရုစိုက်ထည့်ထားပြီး ၊ tent ဝယ်တုန်းက ဆင်ပုံဆင်နည်း manual ပါလာရင်လဲ လိုလိုမယ်မယ် ထည့်သွားယူပါဗျာ။
Camp site / tour operator လဲ book ပြီးပြီး ၊ tent လဲ ရပြီ ဆိုရင်တော့ camping မှာ အရေးကြီး အမှန်တကယ် လိုအပ်မယ့် ဒီ camping accessory တွေ စုဖို့ အချိန်ရောက်ပြီပေါ့။
အဲ့ဒီပစ္စည်းတွေကတော့ အဓိကလိုအပ်တဲ့ ပစ္စည်းတွေပေါ့။ ဒီပစ္စည်းတွေအပြင် mask လဲလုံလုံလောက်လောက်လေး ထည့်သွား ၊ hand sanitizer လဲ မမေ့ပဲယူသွားပေးပါဗျာ။ First aid kit လဲ ဖြစ်နိုင်ရင်တော့ဆောင် ၊ နောက်ထပ်ဖြစ်နိုင်ရင်က first aid ပစ္စည်းတွေကို သူများနဲ့ မ share နဲ့ပေါ့။ (Covid ကြောင့် ကျွန်တော်တို့လဲ စိတ်ပြုတ်ကောင်ကြီးတွေကို ဖြစ်လို့ 😅 )
Camping လုပ်လို့ ထိခိုက်ဒဏ်ရာဖြစ်တဲ့အခါ ဒဏ်ရာကြီးကျယ်ရင် သူနာပြုယာဉ်ခေါ်ဖို့ ဝန်မလေးပါနဲ့ဗျာ။ လမ်းခရီးဝေးတဲ့ နေရာဖြစ်ရင် လမ်းခရီးအချိန်ကိုလဲ ထည့်တွက်ထားဖို့လိုပါတယ်။ အကယ်၍ သူများကို ရှေးဦးသူနာပြု လုပ်ဖို့ လိုမယ်ဆိုရင်တော့ mask တပ်ဖို့ လက်အိတ်ဝတ်ဖို့ မမေ့ပါနဲ့ဗျာ။
Camping လုပ်ဖို့ lantern, headlamp ယူတာတော့ ဟုတ်ပါပြီ။ Charging သွင်းရတဲ့ အမျိုးအစားဆိုရင်လဲ power bank လေးဆောင် ၊ ဓာတ်ခဲထည့်ရတာဆိုရင်လဲ battery အပိုလေးဆောင်သွားဦးဗျ။ အရေးအကြောင်းဆိုရင် အဲ့ဒီကောင်တွေက ဓာတ်ခဲကုန်တတ်တယ်။ 😅
တကယ်လို့ များ ကားနဲ့သွားလို့ ကားကို နီးနီးနားနား ထားလို့ရရင် ပေါက်စိန်တို့ ၊ တူးဖို့စွဖို့ဂေါ် တို့ ၊ multi-tool တို့ ထည့်သွားပြီး စိတ်ပါရင် လှည်းဖို့ကျင်းဖို့ တံမြက်စည်းလေးလဲ ထည့်သွားဗျို့
အထူးသဖြင့် ပထမဆုံးအကြိမ် camping ထွက်တာဆိုရင်တော့ camp site ကို မမှောင်ခင်လေး ရောက်အောင်သွားဗျ။ Tent ထိုးဖို့ နေရာရွေးတာရယ် ၊ သိပ်မကျွမ်းကျင်သေးတဲ့ tent ကို အမှန်အကန် ထိုးတာရယ်နဲ့ ရွာတွေလည်နေမှာ စိုးရတယ်လေ။ Tent ထိုးမယ်ဆိုရင် အပေါ်မှာဖတ်ရသလို အန္တရာယ်ရှိလာနိုင်မယ့်နေရာလေးတွေ ရှောင်ဦးဗျ။
Tent ထိုးဖို့ ပြင်ညီမျက်နှာပြင်ကိုရှာ ၊ အချွန် အတက်တွေ ရှိ မရှိ ကြည့် ၊ မီးဖိုနားဆိုလဲ မီးမလန့်လောက်မယ့် နေရာလောက် ရွေး ၊ လေဒဏ် ၊ မိုးဒဏ်လေး ဝေးအောင် အကာကွယ်လေး ယူလို့ရမယ်ဆိုရင်လေး ဒူးသာဒူး …
မနက်ခင်း နေထွက်လာရင် ခံစားလို့ရအောင် အပေါက်ကိုလဲ ဂွင်မှန်အောင် ချိန်ထားဦးဗျ။ မနက်ကျလို့ Instagram တင်မယ်ဆိုမှ နေက တခြားဖက်က ထွက်နေလို့ tent ထဲမှာ style နဲ့ ဂိုက်ပေးကြမ်းလို့ မရဖြစ်နေဦးမယ် 😆
ကြိုက်တဲ့နေရာတွေ့ပြီဆိုရင်တော့ tent အောက်မှာ အခင်းခင်း ၊ လေ့ကျင့်ထားတဲ့အတိုင်းသာ tent ကို ဆင်တော့ဗျို့ ၊ လေသိပ်တိုက်နေရင် လေလာရာဖက်ကို အပေါက်မထားပဲဆင် ၊ လိုအပ်ရင် zip လေးနဲ့ အပေါက်ကို ပိတ်ထားလေ ၊ မဟုတ်ရင်တော့ လေတိုက်လို့ tent ကြီးလေနဲ့ပင့်ပြီးလွင့်သွားဦးမယ်။
Camp မှာ ချက်စားလို့ရတယ်ဆိုရင်တော့ ပျော်စရာကြီးဖြစ်အောင် ချက်စားဖို့ စီစဉ်သွားပါဗျာ။ Camping လုပ်တုန်း ပူပူးနွေးနွေးလေး ဖြစ်သလို ချက်စားရတာလဲ အရသာပဲ။ ချက်မယ်ဆိုရင်တော့ ရေယူဖို့လိုမယ်ဆိုရင် ရေယူသွားဖို့ မမေ့ပါနဲ့ဗျာ။ လိုတဲ့ အိုးတို့ ခွက်တို့ ၊ မီးဖိုတို့လဲ ဆောင်ပေါ့။
ဆေးဖို့ ၊ ကြောဖို့ ဆပ်ပြာ ၊ ဖော့ တွေလဲဆောင်။ တဖက်မှာလဲ အကြွင်းအကျန်တွေ ထည့်ဖို့ အိတ်လဲဆောင်သွားပါဗျာ။ တောထဲမှာပဲ ဆိုပြီး ဖြစ်သလိုတော့ မပစ်လိုက်ပါနဲ့။
အိတ်ထဲထည့်သိမ်းပြီးရင်လဲ အပျင်းကြီးပြီး အနားမှာပဲ မထားပါနဲ့။ ကား ပါတယ်ဆိုရင် ကားထဲထည့်ထားပါ။ အမှိုက်ပစ်ဖို့ ထားထားတဲ့ နေရာရှိရင်လဲ သေချာလေးပစ်ပေးပါဗျာ။ အနားမှာ ထားရင် တောတွင်း တိရိစ္ဆာန်တွေကို မလိုပဲ ဆွဲဆောင်သလို ဖြစ်နေမှာမို့ ဂရုစိုက်ပေးပါဗျာ။
သေချာဂရုစိုက်ဖို့က ကိုယ့်အမှိုက်တွေကို ကိုယ်ပြန်သိမ်းလာခဲ့ဖို့ပါ။ နေရာတကျ အမှိုက်ပစ်ခဲ့မယ်ဆိုရင်လဲ အရင်က ရ ပေမယ့် ၊ အခု Covid-19 ကန့်သတ်ချက်တွေကြောင့် အမှိုက်ပစ်ခဲ့လို့ရမယ့် နေရာ ဟုတ် ၊ မဟုတ်လဲ လေ့လာပြီးမှ ပစ်ခဲ့ပါဗျာ။
ဒီလောက်ဆိုရင်တော့ camping ထွက်ဖို့ လုံလောက်ပါပြီ။ ပျော်ပျော်ပါးပါး camping ထွက်ဖို့ ပစ္စည်းလေးတွေ စုမယ်ဆိုရင်တော့ လိုတာမယ်တာလေးတွေကို ဟောဒီ page မှာသာ အားရပါးရ ကြည့်ပါလေ့ဗျာ။
Happy camping! Cheers!