iPhone 6 Plus နဲ့ S7 Edge နဲ့ ဘယ်သူရေစိုခံလဲ
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
လူတွေလည်း အလုပ်မရှိ ကြောင်ရေချိုး ဆိုသလို ပဲ ၊ ပိုက်ဆံတွေ သိပ်နမြေစရာ မလိုတော့ ဟိုစမ်း ၊ ဒီစမ်း။ ကောင်းပါတယ် ၊ သူတို့ စမ်းတော့ ကိုယ်တွေ အေးဆေး ထိုင်ကြည့်ရုံပဲပေါ့။ ဒီတစ်ခေါက်တော့ ရေချိုးတာ ကြောင် မဟုတ်ဘူးခင်ဗျ ၊ iPhone 6 Plus နဲ့ S7 Edge နဲ့။
ကြားပြီးတဲ့ အတိုင်းပဲ S7 Edge က waterproof ၊ IP68 rating ဆိုလား .. ရထားလို့ ၊ ၁ မီတာခွဲ အနက်မှာ မိနစ် ၃၀ ထားလို့ ရတယ် ဆိုတာ။ အဲ့ဒီမှာ S5 နဲ့ ကွာသွားတာပဲဗျ၊ S5 တုန်းကတော့ ရေလုံတဲ့ seal တွေ သုံးထားပြီး သူက water resistant အဆင့်ပဲ ရှိခဲ့တာ။ အခု S7 ကတော့ waterproof။
တစ်ဖက်မှာလည်း iPhone 6 ကလည်း ရေစိုခံပါတယ်လို့ မကြေငြာထားပေမယ့် အထိုက်အလျျောက် ရေစိုခံတယ်လို့ သတင်းထွက်ထားတဲ့ ဖုုန်း …
အဲ့ဒီ ၂ လုံး ရေထဲ စမ်းပြတော့ ၃ မိနစ် – ၂ လုံးလုံး အိုကေ ၊ ၁၀ မိနစ်လောက်မှာ iPhone ဖက်က ရေစစိမ့်လာတယ် ၊ ၁၅ မိနစ်လောက်မှာ ပျက်တယ် ဆိုပါတော့ ၊ S7 ကတော့ ကြေငြာထားပြီးသားမို့ မပျက်တာကတော့ မဆန်းပါဘူးလေဗျာ။ သို့ပေမယ့် S7 က waterproof လို့ ပြောထားတဲ့ အတိုင်း ၊ screen ကို ရေထဲမှာ ပွတ်လို့ ရတယ် ၊ home button လည်း နှိပ်လို့ ရတယ် ၊ ဓာတ်ပုံတောင် ရိုက်လို့ ရသေး ၊ ဒါတွေကတော့ ကဲသွားပြီ။ ဒါကြောင့် ရေကြိုက်မောင် တို့ ၊ ရေကြိုက်မယ် တို့ အတွက်ကတော့ S7 က ရွေးချယ်စရာ တစ်ခု ဖြစ်လာပါပြီဗျ ၊ နော်။ iPhone ဖက်က ပြန်ကြည့်ပြန်တော့လည်း တော်ရုံ ရေထဲ ပလုံ ၊ ပြုတ်ကျ သွားတာလောက်ကတော့ ပူစရာ မရှိဘူး ဆိုတာ သိလာတော့လည်း သူလည်း မကြော်ငြာထားပဲ ရတဲ့ အပိုဆုကိုး ၊ ဒါလည်း သဘောကျစရာ …
သေချာ ကြည့်ချင်ရင်တော့ ဒီ YouTube ကို ကြည့် ၊ တော်ကီတော့ နည်းနည်းများတယ် ၊ ကြာကြာကြည့်ရင်တော့ အပြင်မှာ ပူက ပူနဲ့ ရေထဲစိမ်ချင်စိတ်တော့ ပေါက်တယ်။ တစ်ခုတော့ ရှိတယ်ဗျ ၊ waterproof တို့ ရေထဲပြုတ်ကျတာ ခံတယ်ဆိုတာနဲ့ သင်္ကြန်မှာ ရေကစားလို့ pressure နဲ့ ရေပက်တဲ့ ဒဏ်ကို ခံနိုင်တာမျိုးက မတူရေးချာ မတူဘူးနော် ၊ ဟဲဟဲ …. ဒါကြောင့် မကြာခင်မှာ Myanmar Lifestyle မှာ ရေစိုခံ cover တွေ ဝယ်လို့ ရတော့မယ် ဆိုတာ ကြိုတင် သတင်းပေးပါရစေဦးဗျ
[youtube video_id=”IJUxi0ktDzw” width=”0″ height=”0″ ]
နောက် သတင်းတစ်ခုကတော့ S7 က waterproof တာ မှန်တယ် ၊ ရေထဲက ယူလာပြီး အလျင်စလို charging သွင်းရင်တော့ charging စနစ် အလုပ်မလုပ်တော့်ပဲ ၊ ခြောက်သွားမှ ပြန်အလုပ်လုပ်သော်ငြား ၊ fast charging အလုပ်မလုပ်တော့ဘူး ဆိုတဲ့ complain ရှိပါတယ်။ ဒါကြောင့် ရေထဲက ယူလာရင် အနည်းဆုံ ၃ ၊ ၄ နာရီလောက် ခြောက်အောင်ထားရင်ထား ၊ ဒါမှ မဟုတ် ရေထဲမှာ selfie တွေ သိပ်များသွားလို့ ဘက်ထရီ အလျင်လိုတယ်ဆိုရင်လည်း wireless charger လေးနဲ့ စိတ်ချ လက်ချ အားသွင်းရင် ပိုစိတ်ချရကြောင်းပါဗျာ။ 😀 😛
Waterproof test source: EverythingApplePro via RedmondPie
S7 charging issue source: Phandroid