When should I replace my running shoes

ပြေးတာက မူးယစ်ဆေးလိုပဲ စွဲလမ်းစေတယ်လို့ ကျန်းမာရေးအတွက် ပြေးတဲ့သူတွေရော ၊ အားကစား အဖြစ် ပြေးကြတဲ့သူတွေပါ ပြောကြတာ ကျွန်တော်တွေ့ဖူးပါတယ်။

ပြေးတာ စိတ်ဓာတ်တက်ကြွစရာ ကျေနပ်ပျော်ရွှင်စရာ ကောင်းတဲ့ workout / sports တစ်ခုဖြစ်သလို တစ်ချိန်တည်းမှာပဲ သူက high-impact sport တစ်ခု ဖြစ်တာမို့ ၊ လဲဖို့ အချိန်ရောက်နေတဲ့ running shoe တစ်ရံကို သတိမထားမိပဲ ဆက်သုံးနေမယ်ဆိုရင် ခြေထောက်နဲ့ အဆစ်တွေ အပေါ် မလိုအပ်တဲ့ stress တွေ ကျရောက်ပြီး ဒဏ်ရာရတာတွေ ဖြစ်တတ်ပါတယ်ဗျာ။

Running shoe တစ်ရံဟာ ပြင်ပ လက္ခဏာ အားဖြင့် အကောင်းကြီး ရှိသေးတယ်လို့ ယူဆနိုင်ပေမယ့် ၊ လိုအပ်တဲ့ shock absorption, cushioning နဲ့ stability မရှိတော့ရင် worn-out shoes လို့ သတ်မှတ်နိုင်ပြီး leg, joints တွေမှာ general aches နဲ့ pain တွေ ရလာတတ်ပါတယ်။

ဒါကြောင့် running shoe တစ်ရံ လဲဖို့ အချိန်ရောက်ပြီဆိုတာကို ဘယ်လို သိနိုင်မလဲ ဆိုတာ ကျွန်တော်တို့ တူတူ လေ့လာကြည့်လိုက်ရအောင်ဗျာ။

When should I replace my running shoes

ကိန်းဂဏန်းအားဖြင့် ပြောမယ်ဆိုရင်တော့ running shoe တစ်ရံရဲ့သက်တမ်းက မိုင် ၃၀၀ ကနေ ၄၀၀ အတွင်းပဲ ရှိပါတယ်။ ဒီမိုင်အကွာအဝေးက ကိုယ်အလေးချိန် နဲ့ အပြောင်းအလဲရှိသလို ၊ ပြေးတဲ့ နေရာရဲ့ အခြေအနေပေါ်လဲ သက်ဆိုင်ပါသေးတယ်။

ကိုယ့်ခန္ဓာကိုယ် အလေးချိန်က များတယ်ဆိုတဲ့ဖက်မှာ ရှိရင် မိုင် ၃၀၀ လောက်မှာ လဲဖို့ စဉ်းစားသင့်ပြီး ၊ ပုံမှန် အလေးချိန် ဖက်မှာရှိတယ်ဆိုရင်တော့ မိုင် ၄၀၀ ဝန်းကျင်ထိ သုံးနိုင်သလို ၊ ကိုယ်ပြေးတဲ့ လမ်းကြောင်းက ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေ များတယ်ဆိုရင်လဲ မိုင် ၃၀၀ လောက်ထိပဲ သုံးသင့်တယ်လို့ ပြောကြပါတယ်။

How long do running shoes last?

ဆိုတော့ကား မိုင် ၃၀၀ ဖြစ်ဖြစ် ၄၀၀ ဖြစ်ဖြစ် ရောက်ပြီဆိုတာ ဘယ်လိုသိမလဲ ဆိုတဲ့ ကိစ္စ ရှိလာပါတယ်။

1) အများအားဖြင့် ကတော့ ဖိနပ် အတွင်းပိုင်းမှာ ဖြစ်ဖြစ် (ဖိနပ်ကို ဗူးထဲ ပြန်သိမ်းတယ်ဆိုရင်) ဗူးမှာဖြစ်ဖြစ် ဖိနပ်စစီးတဲ့ ရက်ကိုရေး။

2) Fitness watch သုံးရင် အဲ့ဒီမှာ ပြပေးတဲ့ ကိုယ်ပြေးနေကျ မိုင်နဲ့ ပြေးတဲ့ ရက်တွေကို မြှောက်ပြီး တစ်လမှာ ပျှမ်းမျှ ဘယ်နမိုင် ရှိပြီဆိုတာ တွက်။

3) ပြီးရင်တော့ လအားဖြင့် ဘယ်နလဆိုရင် မိုင် ၃၀၀ / ၄၀၀ ရောက်ပြီး running shoe လဲဖို့ အချိန်ရောက်ပြီဆိုတာကို ကြိုမှန်းထားတဲ့ နည်းတစ်ခုရှိသလို ပိုပြီး pratical ကျတဲ့ နည်းတစ်ခုလဲ ရှိပါသေးတယ်။

ဒါကတော့ compression test ပါ။

ပြေးတဲ့အခါ forefoot strike, heel-strike, mid-foot strike စသဖြင့် ကိုယ်ပိုင် ဟန်တွေရှိပေမယ့် ဘယ်လိုပဲ ပြေးပြေး impact အများဆုံးဖြစ်တဲ့ ball of the foot နေရာကို ဒီအောက်ကပုံကလို လက်မ နှစ်ဖက်နဲ့ ဖိကြည့်လို့ တော်တော်လေးကို ပျော့နေပြီ ဆိုရင် running shoe လဲဖို့ အချိန်ရောက်ပါပြီ။

Compression test, When should I replace my running shoes

ဒါပျော့တာလား ၊ မာတာလား ၊ ဘယ်လောက်ပျော့နေပြီလဲ မှန်းရခက်ရင်တော့ running shoe ရောင်းတဲ့ ဆိုင်ကို သွားပြီး (ဖြစ်နိုင်ရင် အမျိုးစားတူ) ဖိနပ် အသစ်ကို compression test လုပ်ကြည့်ရင် အသစ်က ဘယ်လောက် မာတယ် ၊ ကိုယ့်ရဲ့ running shoe က ဘယ်လောက်ပျော့နေပြီလဲ ဆိုတာလဲ နှိုင်းယှဉ်နိုင်ပါတယ်ဗျာ။

Running shoe တွေဟာ သတ်မှတ်ထားတဲ့ မိုင်အရေအတွက်ရောက်ရင်တော့ injury တွေ မရအောင် လဲရမှာမှန်ပေမယ့် အချိန်မတိုင်ပဲ ပျက်စီးတာတွေ သက်သာအောင် လုပ်လို့ရတာတွေတော့ ရှိပါတယ်။

a) Running shoe ကို ပြေးတဲ့ အချိန်မဟုတ်ပဲ တခြားချိန်တွေပါ စီးနေရင် မလိုအပ်ပဲ မိုင် တွေ တက်နေလို့ ဖြစ်နိုင်ရင် ပြေးတဲ့အချိန်ပဲ စီးသင့်သလို

b) Running shoe တွေက mid-sole နေရာ rebound ပြန်ဖြစ်ဖို့ အချိန်လိုတာမို့ ၊ နေ့စဉ်ရက်ဆက် ပြေးမယ် စိတ်ကူးရင် ၂ ရံထားပြီး အလှည့်ကျ စီးသင့်ပါတယ်ဗျာ။

When should I replace my running shoes

c) အကယ်၍ running shoe ရေစိုလာပြီဆိုရင် နေပူထဲထားတာ ၊ dryer နဲ့ အခြောက်ခံတာတို့က ကော်တွေ ၊ synthetic တွေ ထိခိုက်ပြီး ကြံ့ခိုင်မှုကို လျော့ကျ စေတာကြောင့် နေရိပ်ထဲမှာပဲ လေသလပ်ခံ အခြောက်ခံသင့်ပြီး ၊ ရေငွေ့တွေ စုပ်အောင် ဖိနပ်အထဲမှာ သတင်းစာတွေ ထည့်ထားလို့ရပါတယ်ဗျာ။

how to dry running shoes

d) ပြီးတော့ လွယ်လွယ်နဲ့ စီးနိုင် ချွတ်နိုင်အောင် ကြိုးတွေ မလျော့ပဲ ဒီတိုင်းထိုးသွင်းရင်လဲ heel collar, lacing system နဲ့ အတူ ဖိနပ်မှာသုံးထားတဲ့ ကော်တွေထိခိုက်မှု ရှိတာကြောင့် အချိန်လေးပေးပြီး ကြိုးလျော့စီးတာလဲ running shoe ကြာရှည်ပိုခံစေမယ့် နည်းတစ်ခုပါ။

When should I replace my running shoes

မိုင် ၃၀၀ / ၄၀၀ ဝန်းကျင်မှာ running shoe လဲဖို့အတွက် လိုအပ်တယ်ဆိုတဲ့ အချက်ရှိပေမယ့် အဲ့ဒီ အချိန်မတိုင်ခင် ဒူး ၂ ဖက်လုံး နာတာ ၊ ပုံမှန်မဟုတ်ပဲ ခြေထောက်နာတာတို့ ဖြစ်လာရင်လဲ running shoe လဲဖို့ စဉ်းစားသင့်ပါတယ်တဲ့ဗျာ။

Acknowledgement: ဒီ “When should I replace my running shoes” tips ကို VeryWellFit website ရဲ့ How Long Do Running Shoes Last? ၊ Science Shoe YouTube channel ရဲ့ The Science of “When Should I Replace My Running Shoes?” YouTube clip နဲ့ အတူ NewBalanceVancouver YouTube channel ရဲ့ When should I replace my running shoes? YouTube clip တို့ကို မှီငြမ်းပြီး ရေးသားထားတာ ဖြစ်ပါတယ်ဗျာ။

Recommendations for you