Buying Running Shoes on a tight budget
မြန်မာလိုဖတ်ဖို့ ဒီမှာနှိပ်ပါဗျာ
Choosing the Best Running Shoe Based on Price Tag
Your running shoes are becoming worn out at the perfect time.
You just purchased your dream Hi-Fi audio system, you are low on budget and now you need to buy a new pair of shoes too.
So what? Yep, let’s start a treasure hunt in the discounted or sales items.
There is nothing wrong with buying a pair of running shoes that is on sale, as long as you know what to look for. Sure, you will not get all the bell and whistle just as the pricy one, but it will still serve its purpose and you will still have a good pair. But be sure to consider three things before buying a shoe.
- Fit
- Feel
- Function
The perfect fit of a running shoe, especially when buying in person, depends on the size of your foot at that particular time. It is therefore imperative that you understand the different changes that happen to your foot in a day. Remember that your activities and energy levels make your foot swell as the day matures, making it vital to buy a shoe in the evening when your foot is its biggest size.
When buying a shoe, the most crucial thing is getting the size right. It is good to measure your foot’s size at the shop if the shoe you want is not a familiar brand or you are unsure of your size. Remember that different brands have different shoe sizes, so do not assume your size.
Also, ensure you wear the shoe at the store, and even better, try them on with your exercise/training socks. Take time deciding, walk around the store, or even jog a bit to understand how your runs will be like in the shoe.
The feel of a running shoe represents many factors that make it your ideal pair. However, in this case, you are buying one because of its price tag, and one that can hold before you save enough money for your dream shoe. In this regard, you want to ensure the shoe fits in a manner that will make it functional.
Wear the shoe at the store, and pay close attention to how comfortable your foot and body feel. A good shoe will:
- Support your heel and keep it in place without rubbing
- Support your natural foot arch
- Be well cushioned to arrest your impact when landing at high speed
- Allow adequate energy return depending on your runs
- Have enough room for your toes
- Not hurt your ankles
- Mimic the shape of your foot
When buying a running shoe, observe how high it feels once you wear it. Now, while your budget may affect your ideal heel-to-toe drop, you will want the shoe you get to be a bit lifted on the heel (higher than the toes) to distribute enough stride power when you run.
Even if it is the cheapest shoe on the list, you have to consider its cushioning as it is what makes a running shoe effective. A running shoe needs to arrest your landing impact, which is also dependent on where you run. Observe how thick the outsole is, and the insole as well as it provides extra cushioning. When it comes to cushioning, have your pronation in mind as different pronation types require different amounts of cushioning. (If you need to know about the pronation, we have a blog post for you.)
Make sure the shoe you want to buy mimics the shape of your foot, in length and width, in addition to the size. The toe box, especially, should leave enough room for your toes to move independently to prevent blisters and bruises. A shoe that does not compliment your foot will end up being uncomfortable in some areas, thereby making running in them impossible.
Make sure the shoe does not hurt your ankles. Observe the ankle collar and determine if it will prevent blisters and bruising. Also, ensure the ankle fit is comfortable for you, either over or under the ankles. A bad ankle fit exposes you to injuries on delicate areas such as the Achilles tendon.
The shoe function means that the distance, trail, and duration you run informs your buying decision. About function, you should mostly consider the type of exercise you intend to perform and where.
- Road running
- Trail running
- Treadmill
These three running environments require different outsoles. Observe the shoe you want and ensure the following.
For road running, the shoe should be lightweight, and the outsole should be a bit flattened, i.e., the tread should feature soft lugs since you don’t need an enhanced grip on paved ground. The outsole should be flexible and lightweight for support, stability, and speed as you run on hard and unnatural terrain. (If you need to know about the terms and elements of running shoes, we have a post for you too.)
For trail running, observe and ensure the shoe has a thick outsole with aggressive tread lugs. A thick outsole will protect against sharp objects that could pierce through, and the lugs will provide added grip on uneven terrain.
For treadmills, the outsole should offer enough traction and support considering the ground you run on moves with each step. The outsole should, however, not be as thick and aggressive as that of trail running since a treadmill is quite safer and more even than outdoor terrain.
It is a gem.
Buying a cheap running shoe means you will compromise some personal preferences, but it does not mean you cannot get a good and functional shoe. Once you get a shoe that fits perfectly and feels comfortable to run in, why not? Grab one! It is a hidden gem for you.
ဘတ်ဂျက်ကြပ်နေတုန်း running shoe ကောင်းကောင်းလေး ဝယ်မယ်ဆိုရင် …
အချိန်ကောင်းဆို ဖြစ်ပြီ …
မနေ့ တစ်နေ့ကမှ စိတ်ကြိုက် HI-Fi audio system လေး ဝယ်လိုက်လို့ ငွေကြေး ခမ်းခြောက်နေပါတယ်ဆိုမှ အခု running shoe ကလဲ စုတ်ပြန်ပြီ။
ဝယ်ကို ဝယ်မှ ဖြစ်တော့မှာဆိုတော့ discount ချထားတာလေး ၊ sales လုပ်နေတာလေး ရှာဖွေ ရတော့ မပေါ့။ 😛
အမှန်ကတော့ ကိုယ့်အတွက် အံကိုက်မယ့် ဖိနပ်ကို ရွေးနိုင်သရွေ့တော့ discount ချတာပဲ ဝယ်ဝယ် ၊ sales ချတာပဲ ဆွဲဆွဲ ပြဿနာမရှိပါဘူး။ ဈေးကြီး နောက်ဆုံးပေါ်တွေလို နောက်ဆုံးဆိုမှ နောက်ဆုံး material တွေမပါပေမယ့်၊ ရွေးနိုင်ရင်တော့ ရွှေဖြစ်မှာတွေ အများကြီး ရှိတယ်ဆိုတော့ ကား ၊ tight budget ဖြစ်နေတုန်း running shoe ဝယ်ဖို့ ဖြစ်လာရင် စဉ်းစားရမယ့် အချက်လေးတွေ အကြောင်း ကျွန်တော်တို့ တူတူ လေ့လာလိုက်ရအောင်ဗျာ။
အရင်ဆုံး ပစ်မလွဲအချက်ကတော့ ကိုယ်နဲ့ တော်တဲ့ ဖိနပ် ဖြစ်ဖို့လိုတယ်ဗျ။ ဟက် … ဟက် … it’s so obvious ဆိုပေမယ့်လဲ ဖြစ်တတ်တာက တော်မှာပါလေဆိုပြီး ဆွဲမိပြီး တကယ်ဝတ်ကြည့်မှ မတော်တာမျိုး (အထူးသဖြင့် online က ဆွဲဖြစ်တယ် ဆိုရင်ပေါ့)။ ဖိနပ်တွေက brand ပေါ်လိုက်ပြီး cutting လေးတွေ အနည်းအများ ကွာတာလေးတွေ ရှိတော့ ကိုယ်စီးနေကျ brand မဟုတ်ရင်တော့ size ကိုကြည့်ပြီး စွတ်မှန်းတာကတော့ risk နည်းနည်း ရှိတယ်ဗျ။ ဒါကြောင့် စီးနေကျ brand မဟုတ်ရင်တော့ ကိုယ်တိုင်စီးကြည့်တာ အကောင်းဆုံးပါပဲ။
ကိုယ်တိုင်စီးကြည့်ပြန်တော့လဲ ကျွန်တော်တို့ ခြေထောက်တွေက တစ်နေ့လုံး လှုပ်ရှားသွားလာထားတဲ့ အရှိန်နဲ့ ညနေပိုင်းကျမှ အကြီးဆုံး ဖြစ်တတ်တာကြောင့် သိပ်ကိုမှ သေချာချင်ရင်တော့ ညနေပိုင်း အချိန်မှာ ဝတ်စမ်းရင်တော့ အသေချာဆုံးပဲ။ ပိုသထက်ပိုသေချာချင်ရင်တော့ ဝတ်စီးမယ့် ခြေအိတ်နဲ့ပါစမ်း ၊ ဒီထက်သေချာတာတော့ မရှိတော့ဘူးဗျို့။
ဆိုင်မှာ ဝယ်ဖြစ်တယ်ဆိုရင်တော့ အားမနာနဲ့ စီးသာ စီးကြည့်ဗျ။ စီးကြည့်ပြီး လမ်းလျှောက်ကြည့် ၊ ဆိုင်ထဲလူနည်းရင် ၁၀ ပေ ၊ ၁၅ ပေလောက် jogging သာလုပ်ကြည့် (ရိုက်ထုတ်မယ့် ဆိုင်ရှင် ဟုတ် ၊ မဟုတ် ဆိုင်ရှင် မျက်နှာလေးလဲ အရင်ကြည့်ပေါ့ 😀 )
Running shoe က စီးလို့ တော်တိုင်းလဲ ခံစားရတဲ့ feel က ကောင်းတာမျိုး မဟုတ်ဘူးဗျ။ ကိုယ်ခြေထောက် အနေအထားအလိုက် ကိုယ့်ခြေထောက်ရဲ့ pressure point တွေပေါ် လာဖိနေလားဆိုတာမျိုးလေး ခံစားကြည့်ပါဗျာ။
ကိုယ်နဲ့ကိုက်မယ့်ဖိနပ်ဆိုရင်
- ခြေဖနောင့်ကို ကေင်းကောင်းထိန်းပေးနိုင်ရမယ် ၊ လမ်းလျှောက်တိုင်းဘေးနဲ့ ပွတ်နေတာမျိုးဆိုရင်တော့ ရှောင်
- ခြေဖဝါး အောက်ခြေအတိုင်း ကောင်းကောင်းလေး support ပေးနိုင်ရမယ်
- အရှိန်နဲ့ ကျလာမယ့် impact ကို နိုင်နိုင်နင်းနင်း ရှိမယ့် cushion ရှိရမယ်
- ခြေထောက်ပြန်အကြွမှာ ကူညီပေးမယ့် energy return ပေးနိုင်ရမယ်
- ခြေမနဲ့ ဖိနပ်ထိပ်နဲ့ ထိနေတာမျိုးဆိုရင်တော့ ကြပ်နေပြီသာမှတ် ၊ ခြေမထိပ်နဲ့ လက်ညှိုးတစ်လုံးလောက် လွတ်နေမှ ကိုယ့်ရဲ့ size အမှန်
- စီးလို့ ခြေချင်းဝတ်နားက နာသလိုလို ရှိလားလဲ တစ်ချက် လေ့လာကြည့်ဗျ
- ဖိနပ်က ကိုယ့်ခြေထောက်ပုံအလိုက် ရှိနေရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။
ဖိနပ်က ဈေးပေါ်လိုက်ပြီး heel to toe drop ဘာညာ များများစားစား ရွေးစရာ ရှိမှာ မဟုတ်ပေမယ့် စီးကြည့်လို့ ဖနောင့်က ခြေဖျားတွေထက် နည်းနည်းလေး ပိုမြင့်သလိုခံစားရရင်တော့ cushion ကောင်းကောင်းလေး ပါတယ်လို့ မှတ်လို့ရပြီး ကိုယ့်အတွက် ပိုသက်သာမယ့် ဖိနပ်လို့ ယူဆလို့ရပါတယ်ဗျာ။
တစ်ဖက်မှာတော့ cushion ပိုပါရင် ယေဘုယျအားဖြင့် ဖိနပ်က နည်းနည်း ပိုလေးတဲ့သဘော ရှိတော့ ကိုယ်က speed ဆိုမှ speed ဆိုရင်လဲ ကိုယ့်စိတ်ကြိုက်ရွေးနိုင်ပေမယ့် ၊ အပျော်ပြေးမယ် ၊ jogging လောက်လုပ်မယ် ၊ ဒါမှ မဟုတ် ကိုယ့်ရဲ့ body weight က များတယ်လို့ သတ်မှတ်နိုင်ရင် ဒဏ်ရာရတာ အနည်းဆုံးဖြစ်အောင် cushion များတဲ့ running shoe ကို ရွေးသင့်ပါတယ်ဗျာ။
ပြီးတော့ running shoe ဝယ်မယ်ဆိုရင် pronation အကြောင်းလဲ ထည့်စဉ်းစားသင့်တယ်ဗျ။ Pronation နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ ရေးထားတဲ့ pronation post လေး ရှိလို့ အဲ့ဒီမှာ အေးဆေး လေ့လာလို့ ရပါတယ်ဗျာ။
နောက်ဆုံး စဉ်းစားရမှာက function။ ဘာအတွက်သုံးမှာလဲ ၊ ဘယ်နေရာမှာ ပြေးမလဲ။
- Road running (လမ်းပေါ်)
- Trail running (တောတွင်း)
- Treadmill (ပြေးစက်ပေါ်)
ဒီ နေရာတွေပေါ်မူတည်ပြီး outsole တွေ ကွာပါတယ်ဗျာ။
Road running အတွက်ဆိုရင် ပေါ့ပေါ့ပါးပါး ရှိတာလေး ရယ် ၊ outsole နည်းနည်းပြားတာလေးရယ်။ အထူးသဖြင့် ဖိနပ်အောက်က lug (အချိုင့်) လေးတွေက ခပ်တိမ်တိမ်လေး ရှိတာလေးဝယ်သင့်တယ်ခင်ဗျ။ (Road running က trail running လောက် ကုပ်အား မလိုတော့ lug တိမ်လို့ ပြဿနာ မရှိတာပါ။)
အဓိကကတော့ လမ်းပေါ် ပြေးတယ်ဆိုတော့ တောတွင်းလောက် မညီမညာ မရှိပေမယ့် လမ်းက မာတယ်လေ။ ကိုယ့်အတွက် impact ကို ခံနိုင်ဖို့ အရေးကြီးသလို ၊ တဖက်မှာလဲ speed မကျဖို့လဲ လိုတော့ ဘက်မျှတာလေးရွေးပေါ့ (running shoe ရဲ့ element တွေ နဲ့ ပတ်သက်လို့ အခေါ်အဝေါ်တွေ ရှုပ်နေရင်လဲ running shoe ရဲ့ element တွေ အကြောင်းရေးထားတဲ့ post လေးကို ဖတ်ပေးပါဦးဗျာ)
အကယ်လို့ road running မဟုတ်ပဲ trail running ဆိုရင်တော့ လမ်းပေါ်က အချွန်အထက်တွေ ခြေထောက်ကို မထိုးဖို့ outsole ထူထူလေးသာရွေး။ ကုပ်အားကောင်းအောင် အောက်ဖက်က lug တွေ နက်နက်လေးဖြစ်အောင်လဲ ဂရုစိုက်ဦးဗျ 🙂
Treadmill ကတော့ သိပ်ပြဿနာ မရှိပါဘူး။ စက်ပေါ်ပဲ လှည့်နေမှာ ဆိုတော့ 😀 Impact လဲ အများကြီး ရှိမှာ မဟုတ်တော့ cushion အများကြီး မပါလဲ အရေးမကြီး ပေမယ့် စက်ပေါ် ချောလောက်တဲ့ထိ ပြင်ချော ဖိနပ်ကိုတော့ ရှောင်ပါဗျာ။
အဖိုးတန်ရတနာ
အမှန်တော့ discount item ၊ sales item ရယ်လို့သာ ခေါင်းစဉ်တပ်တာပါ။ ရွေးနိုင်ရင်တော့ တကယ့်ကို အဖိုးတန် ရတနာတွေလို့ပဲ ကျွန်တော်ကတော့ သတ်မှတ်တာပါပဲ။ ကျွန်တော့် running shoe အများစုလဲ sales ချတာထဲက ဆွဲထားတာများပါတယ် … ဟက် .. ဟက် …
ဒါကြောင့် sales item ထဲက တွေ့ရင် အတွေးမမှားနဲ့ ၊ ဒီ အချက်လေးတွေထဲက ကိုက်တယ်ဆိုရင်တော့ ဆွဲသာဆွဲတော့ဗျို့ ….