Embracing and Controlling Emotions at Work
မြန်မာလိုဖတ်ဖို့ ဒီမှာနှိပ်ပါဗျာ
Are your co-workers bothering you again? Did your boss decide to move the date to that big upcoming project? Do you find yourself ready to scream while at work? Well, don’t scream. That is not a good impression on your part. Here are a few crafty techniques on how to embrace and control your emotions at work.
Having all your focus at work is very important. Nobody should bring their drama to the office. Instead, forget about that fight with your friend. Think about it this way. As soon as you leave your house in the morning shut off your mind.
Control your emotions and don’t flood your co-workers with life drama. If your situation at home is getting in the way of focusing at work talk to your boss to see if you can figure out options.
Stop yourself right there. Instead of screaming, breathe. Deep breathing helps with lingering frustration, anxiety, or anger. Give yourself a break during the day. It’s not healthy to commit to a large number of projects at work without giving yourself a break. As soon as you feel pent-up anxiety or anger, stop what you are doing and breathe.
Excuse yourself if you are ever around your co-workers. A little alone time is okay. During your break take a big breath in through your nose, and then slowly breathe all your stresses out. Keep doing these exercises for a few minutes until you feel calm. It helps recompose your emotions and have better control.
Does your work environment include a co-worker that believes they are on top of the world? Well, it wouldn’t be work if that didn’t exist. The point is that you should not let this person bother you. No need to start a war. Coming to work should not be a war zone. Besides, you are an adult, and work is not high school.
Words exist. If your boss or a co-worker is part of the reason why you can’t control your emotions, communicate that. Bottling up emotions is not good for you. You may have had a miscommunication with the person. Don’t be standoffish.
Have a mutual bond and share stories about yourself so people don’t get the wrong impression about you. It’s always a good idea to clarify emotions or ideas.
One of the worst things that a person could do is making a decision when they’re angry. Angry decisions lead to bad outcomes. For example, you don’t want to quit your job to resolve the situation. No, get control of your emotions, breath, walk away for a bit, and then come back to the situation with a better mindset.
Anger is never a fun emotion to deal with. To release your anger, do an activity that releases all that anger. Get a drink after work, go for a run, or drive to a secluded area and scream. As long as it is not in a public area you are releasing all your pent-up stresses. Be aware of what triggers you, so you don’t end saying something insulting that you don’t mean.
You don’t have to sink to a new level to throw back insults at co-workers or your boss. That does not get you anywhere. Ignore the person. Eventually, that said co-worker will mellow down because you are not giving them the reaction they want. Be firm and aggressive about how you feel. Besides, you never know what anybody has been through.
Be respectful of your co-workers. Treat them like you treat yourself. If there is an issue at hand then talk to whoever is in charge to get it resolved. Nobody needs a work issue beating down their back.
There is always a positive. Do you know that one co-worker who you don’t like to be around? Everybody has one co-worker who they don’t like. You are not alone. Reflect on the positives during the day.
Benefit by telling yourself one good thing that happened to you today. Positivity is better than negativity. Reframe your issues in a better format rather than flooding yourself with negative outcomes of the situation.
Oftentimes, our emotions may go haywire during a stressful workday. If you ever have a day where you cry, have an outburst, or it’s just not your day, let people know. Apologize for your actions.
Emotions get the better of us. We’re all human. Say you’re sorry to your co-workers and your boss if you said anything to upset them. Leaving the situation unresolved is not a good impression on yourself.
Just like leaving all the home drama behind when leaving for work, do the same when you go home. Of course, there are some aspects of work that you can tell your family about, but don’t go into every detail that bothers you. None of your family members know your co-workers. What do they have to do with the situation? Just like co-workers, respect your family.
At the end of your workday, release your emotions during the commute home from work. If you’re in a bad mood, politely tell members of your household that you need some space. Breathe, think of the positives, and then get a good night’s rest. Figure out the best ways to control emotions and embrace a more positive outlook.
လုပ်ငန်းခွင်မှာ ခံစားချက်တွေ ထိန်းချုပ်နိုင်ဖို့ဆိုရင် …
စိတ်ရှိတိုင်းအော်ပြောပစ်ချင်စိတ်ပေါက်နေတယ်မလား ….
လုပ်ဖော်ကိုင်ဖက်က စိတ်အနှောက်ယှက်လာပေးပြန်ပြီ။ Boss ကလဲ project ကို ရက်ရွေ့ပြန်ပြီ။ စိတ်ကြိုက်သာ အော်ပစ်လိုက်ချင်ပြီလေ…
ဒါပေမယ့် စိတ်လျော့ပါ…. ထင်တိုင်းကျဲမိရင် ကိုယ့် impression ပဲ ထိခိုက်မယ်ဆိုတာ သိသိကြီးနဲ့တော့ မလုပ်လိုက်မိပါစေနဲ့။ ဟောဒီမှာ စိတ်ခံစားချက် emotion တွေများနေရင် ထိန်းနိုင်ဖို့ technique လေးတွေ ကျွန်တော်တို့ စုပေးထားတယ်ဗျာ။
အလုပ်ရောက်ပြီဆိုတာနဲ့ အလုပ်ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့က နံပါတ်တစ်။ ဒါကြောင့် အိမ်က drama တွေကို အလုပ်ကို မယူလာမိအောင် ကြိုးစားရမှာ။ သူငယ်ချင်းနဲ့ စကားများထား ခဲ့တာတွေလဲ ခဏမေ့ ၊ အဆင်မပြေခဲ့တာတွေလဲ နောက်ခဏထား။ ဒီလိုစဉ်းစားကြည့် ၊ မနက်အိမ်ကထွက်လာပြီ ဆိုတာနဲ့ personal ကိစ္စတွေကို ခဏ power off လုပ်ထားမယ်လို့…
အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်ကိုယ့်ရဲ့ emotion စိတ်ခံစားချက်တွေ ၊ ဘဝဇာတ်ကြောင်း drama တွေနဲ့ သွားမဖိ မိစေဖို့ အရေးကြီးတယ်ဗျ။ အကယ်လို့ ဒီရက်ပိုင်းကိုယ့်ရဲ့ စိတ်က ကိုယ်ရေးကိုယ်ထာတွေကနေ ထွက်လို့မရဘူးဆိုရင် ဆိုင်ရာ အထက်လူကြီးဖြစ်ဖြစ် ၊ လုပ်ဖော်ကိုင်ဖက်ဖက်ကို ဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြထားတာ ပိုကောင်း ပါလိမ့်မယ်ဗျာ။
အော်ပစ်ချင်နေပြီမလား။ အဲ့ဒီမှာ ရပ် ၊ အသက်ကို ဝ အောင် ရှုသွင်းလိုက်။ အသက်ကို ဝ အောင် ရှုလိုက်တာက စိတ်ပျက်တာတွေ ၊ စိတ်ပူတာတွေ ၊ စိတ်ဆိုးတာတွေကို သက်သာစေတယ်ဗျ။ အလုပ်ချိန်မှာ ခဏ တဖြုတ် break time ယူ။ ရှိသမျှအလုပ်တွေ တစ်ချိန်တည်း သိမ်းကျုံးလုပ်ပစ်တာက ကောင်းတာထက် ဆိုးတဲ့ဖက်ကို ပိုဦးတည်စေလို့ သင့်တင့်သလောက် break time ယူသင့်ပါတယ်။ စိတ်ဆိုးလာပြီ ၊ စိတ်ပူလာပြီ လို့ ကိုယ့်ဟာကိုယ် သတိထားမိပြီ ဆိုတာနဲ့ လုပ်နေတာတွေကို ရပ်ပြီး လေကိုသာ ဝ အောင် အရင်ရှုကြည့်ပါဗျို့။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေးရာမှာ ခဏတာ နေတာကလဲ အားလုံးနားလည်ပေးနိုင်တဲ့ ကိစ္စပါ။ အကယ်လို့ ကိုယ့်အတွက် alone time လိုအပ်နေပြီလို့ ထင်ရင် excuse လုပ်ပြီး သီးသန့် ခဏနေလိုက်ပါ။ လေကို ဝ အောင် ရူသွင်း ၊ ဖြည်းဖြည်းချင်း ရှုထုတ် ၊ emotion တွေကို calm down ဖြစ်အောင်ကြိုးစားကြည့်ပါဗျာ။
အလုပ်မှာ သူမှသူ ၊ တိမ်ပေါ်ရောက်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိတယ် ၊ ဟုတ်။ မရှိရင် အလုပ်ဘယ်ပီသပါ့မလဲ ၊ ဟက်ဟက်။ အဓိက က အဲ့ဒီ လုပ်ဖော်ကိုင်ဖက်ကြောင့် ကိုယ့်စိတ် အနှောက်အယှက် မဖြစ်ဖို့ပါပဲ။ လူတစ်ယောက် အတွက်နဲ့ စစ်ခင်းစရာ မလိုပါဘူး။ အလုပ်လုပ်နေတာလေ ၊ စစ်မြေပြင်မှ မဟုတ်တာ။ ဒါ့ထက် ကိုယ့်ကလူကြီး ဖြစ်နေပြီလေ ၊ အထက်တန်းကျောင်းတုန်းကလို ထင်တိုင်းမိုက်လို့ ဘယ်ဖြစ်မလဲ 😆
အစွမ်းထက်တဲ့ စကားလုံးတွေ ရှိပါတယ်။ လုပ်ဖော်ကိုင်ဖက်ကြောင့် စိတ်အနှောက်ယှက်ဖြစ်တာကို မခံစားနိုင်တော့ရင် ယဉ်ယဉ်ကျေးကျေး စကားနဲ့ပြောပြီးသာ ဆွေးနွေးပါ။ အဆင်ပြေလာလိမ့်မယ်။ ခံစားချက်တွေကို ပုလင်းထဲ အပြည့်ထည့်ထားတာ ကောင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ နားလည်မှုလွဲနေတာတွေ ရှိကောင်းရှိမယ်။ ဆွေးနွေးကြည့်ပါ။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကောင်းမွန်တဲ့ ဆက်ဆံရေးဖန်တီးထားပြီး ကိုယ်ဘယ်လို ခံစားရတတ်တယ်ဆိုတာ ပြောပြထားတာလဲ ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကိုယ့်ကိုနားလည်ထားလေလေ ၊ နားလည်မှုလွဲဖို့နည်းလေလေ ပေါ့။
အမှားများဆုံးက အာရုံနောက်နေတဲ့အချိန် ၊ အထူးသဖြင့် စိတ်ဆိုးနေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ချမိတာပါပဲ။ အဲ့ဒီအစား ခံစားချက်တွေကို ခဏ ထိန်းချုပ် ၊ လေကို အဝရှုသွင်း ၊ လမ်းခဏလျှောက် ၊ ပြီးမှ လိုအပ်တဲ့ ဆုံးဖြတ်ချက်ကို လုပ်ပါဗျာ။
ဒေါသက ကိုင်တွယ်လို့ လွယ်တဲ့အရာ မဟုတ်တာကြောင့် ၊ ဒေါသဖြေဖို့လိုလာရင်ဖြေဖို့ အကောင်းဆုံး နည်းလမ်းတွေကို စဉ်းစားထားပါ။ ကိုယ့်အတွက် အလုပ်အပြီးမှာ တစ်ယောက်တည်းဖြစ်ဖြစ် ၊ လုပ်ဖော်ကိုင်ဖက်နဲ့ ဖြစ်ဖြစ် တစ်ခွက် သောက်တာက သက်သာစေတယ်ဆိုရင် လိုအပ်သလိုသာ မှီဝှဲပါလေ့။ အကယ်၍ ကားအကြာကြီး မောင်းပြီး စိတ်ဖြေနိုင်တယ်ဆိုရင်လဲ လုပ်သာလုပ်။ အားရပါးရ အော်ပစ်ရမှ ဆိုရင်လဲ အများနဲ့ မသက်ဆိုင်ပဲ တစ်ကိုယ်တော် ဟစ်လို့ ရမယ် နေရာသာ ဒိုးပေတော့ဗျို့။
အဓိကက ကိုယ့်ကို မထင်တာတွေ ပြောထွက်စေမယ့် trigger အဖြစ်အပျက်တွေကို သိထားဖို့လိုတယ်ဗျ။ အဲ့ဒါတွေ ဖြစ်လာပြီဆိုရင် သတိသာထားပေတော့ ၊ မပြောသင့်တာတွေ စွတ်ပြောမထွက်အောင်သာ ကြိုစားပေတော့ဗျာ။
လုပ်ဖော်ကိုင်ဖက်ရဲ့ လုပ်ရပ်ကို မှတ်ထားပြီး နောက်ကားနဲ့ ကြုံမှဆော်ဖို့ စဉ်းစားထားရင် ဒါလဲ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အဲ့ဒီ လုပ်ရပ်က ကိုယ့်အတွက် မကောင်းတဲ့ဖက်ကိုပဲ ဦးတည်စေမှာပါ။ အဲ့ဒီပုဂ္ဂိုလ်မရှိဘူးလို့သာ သဘောထားလိုက်ပါ။ တဖက်မှာလဲ သူ့ဖက်က ဘာတွေ ဖြစ်ထားလို့ ဒီလို စကားတွေ ပြောထွက်လာတယ်ဆိုတာ ကိုယ် အပြည့်အဝ မသိနိုင်ဘူးလေ။ ဒါကြောင့် မေ့ပစ်လိုက်ပါ။
လုပ်ဖော်ကိုင်ဖက်တွေကို လေးစားပါ။ ကိုယ့်ဟာကိုယ် ဆက်ဆံသလို သူတို့ကို ဆက်ဆံကြည့်ပါ။ ပြဿနာရှိလာရင် ဆိုင်ရာ အထက်ပုဂ္ဂိုလ်ဖြစ်စေ သက်ဆိုင်ရာနဲ့ တိုင်ပင်ဆွေးနွေးပါ။ လုပ်ငန်းခွင်မှာ အားလုံး သင့်တင့်တဲ့ ပတ်ဝန်းကျင် ရှိသင့်တာပဲလေ။
ကိစ္စတိုင်းမှာ ကောင်းတဲ့ဖက်ဆိုတာ ရှိပါတယ်။ အနားမှာ မရှိစေချင်တဲ့ လုပ်ဖော်ကိုင်ဖက် ရှိနေတာလား။ ဖြစ်တတ်ပါတယ်။ လူတိုင်းလိုလိုမှာ သိပ်ကြည့်မရတဲ့သူ ဆိုတာ ရှိတတ်တာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာကိုပဲ တွေးပါ။ တစ်နေ့တာလုံး ကောင်းတဲ့ ကိစ္စကို များများတွေးပေးနိုင်လေ ၊ အကျိုးရှိလေပါ။
တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှကို ဆိုးတဲ့ဖက်ကချည်း တွေးမနေပဲ ကောင်းတဲ့ဖက်က မြင်ကြည့်ပါ။ အတွေးအခေါ်ပုံစံ ပြောင်းလိုက်တာနဲ့ စိတ်ခံစားချက်တွေလဲ ပြောင်းသွားပါလိမ့်မယ်ဗျာ။
တခါတလေ စိတ်မထိန်းနိုင်ပဲ ပြောထွက်သွားတာ က လူပီသပါတယ်။ ဖြစ်တတ်တဲ့ကိစ္စပါ။ ဖြစ်သွားရင်လဲ တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ။
ဖြစ်သွားတဲ့ကိစ္စကို ပြန်မဖြေရှင်းပဲ ဒီတိုင်းပြန်ငြိမ်သွားစေတာက ကိုယ့်အတွက် ကောင်းတဲ့ impression ဖြစ်လာမှာ မဟုတ်ပါဘူး။
အိမ်ကထွက်လာလို့ အလုပ်ရောက်ရင် အိမ်ကိစ္စတွေကို shut down လုပ်။ ဒီလိုပဲ အိမ်ပြန်ရောက်ရင်လဲ အလုပ်ကိစ္စတွေကို shut down လုပ်ပါ။ ကိုယ့်မိသာစုကို အထိုက်အလျောက် ရင်ဖွင့်တာ ကောင်းတဲ့ ကိစ္စ ပေမယ့် ၊ အသေးစိပ် ရှင်းပြရလောက်အောင် သူတို့လဲ ထဲထဲဝင်ဝင်သိတာ မဟုတ် ၊ သူတို့ ကိစ္စလဲ မဟုတ်လေတော့ မိသားစု ဝင်တွေကိုလဲ စာနာပါလေ့ဗျာ။
အကယ်၍ အိမ်ရောက်လာသည့်တိုင် အလုပ်ကိစ္စတွေက ကိုယ့်ကို စိတ်အနှောက်အယှက် ပေးနေသေးတယ် ဆိုရင် မိသားစုဝင်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး အနားယူသင့်ယူလိုက်ပါ။ ဘုမသိ ဘမသိ ၊ ဘူပိတ်နေပြီး မဆိုင်တဲ့ မိသားစု ဝင်တွေကို မပြောမဆို လုပ်တာဟာ မိသားစုတွင်းမှာ ကောင်းတဲ့ ကိစ္စဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအစား ပွင့်ပွင့်လင်းလင်း ပြောပြပြီး သီးသန့် အနားယူ ဒါမှမဟုတ် ဆက်တွေးရမှ ဆိုရင်လဲ တွေးနေလိုက်ပါ။ [space]
Emotion တွေကို ထိန်းနိုင်ပြီး ပိုအောင်မြင်တိုးတက်တဲ့ professional life ကို ပိုင်ဆိုင်နိုင်ပါစေဗျာ။