iPhone 7 နှင့် သူ၏ ဟာကွက်များ
~~~ ဇော်ဂျီနဲ့ဖတ်မယ်ဆို …
အဟမ်း ၊ ခေါင်းစဉ်ကတော့ အပျံစားဗျ။ ကိုယ့်ဟာကိုယ် ပေးပြီး ၊ ကိုယ့်ဟာကိုယ် သဘောကျနေတာ … 😛 😀 စုံထောက်ဝထ္ထုလိုလို ဘာလိုလို … အဟက် …
ဒီလိုလေ ၊ Note 7 ကျဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့ ၊ iPhone အသစ်ထွက်တော့ ငြိမ်လှမထင်နဲ့ ဆြာတို့ ၊ ဆြာမတို့ ၊ ဒီမနက်က စလို့သတင်းတွေက မွှေးလာပြီ။
ပထမသတင်းကတော့ lightning ခေါင်းနဲ့ ထုတ်တဲ့ earphone။ အဲ့ earphone က တပ်ကာစ အိုကေတယ် ၊ ၅ မိနစ်လောက်ကြာရင် pause တို့ ၊ play တို့ ခလုတ်က အလုပ်မလုပ်တော့ဘူးဆိုပဲ။ ဒါနဲ့ ပြန်ဖြုတ် ၊ ပြန်ထိုး မှ အဆင်ပြေတယ်လို့ ကွန်ယက်ပေါ်မှာ အော်သံတွေ ဆူညံလာတယ် ခင်ဗျ။
ဒါနဲ့ပဲ lightning ခေါင်းနဲ့ earphone တင်ပဲလား ဆိုတော့ မဟုတ်ပြန်ဘူး ၊ သာမန် earphone ကို ဗူးထဲပါတဲ့ 3.5mm to lightning conveter နဲ့ သုံးပြန်တဲ့အခါ ၊ screen ပိတ်ပြီး ၅ မိနစ်ကြာပြီး နောက်ပိုင်းအထိ ၊ earphone မှာ ဘာ activity မှ မရှိတဲ့အခါ ၊ အလုပ်မလုပ်တော့ ပါဘူးတဲ့။
ဒါကြောင့် စိတ်ကြိုက် 3.5mm earphone လေးကို iPhone 7 မှာ converter လေးနဲ့ ထိုးထား ၊ ထမင်းသွားစားပြီး ပြန်လာ ၊ စတိုင်နဲ့ earphone က ခလုတ်လေး နှိပ်ပြီး သီချင်း ပြန် play မယ် ကြံရင် ၊ လောလောဆယ်တော့ sorry ပါ။ ဖြုတ်ပြီး ပြန်ထိုုး ရမှာ ခင်ဗျ။
ဒီ converter နဲ့ ကိစ္စက flaw ပဲလား feature ပဲလား အရှင်း မသိရသေးပေမယ့် ၊ အပေါ်က နဂိုုပါ lightning jack earphone နဲ့ ပြသနာ အတွက်တော့ Apple က fix ထုတ်ပေးပ့ါမယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါလည်း ဘယ်လောက်ကြာမယ်တော့ လောလောဆယ် မပြောတတ် ပေါ့လေ။
နောက် တစ်ခုက CNet သတင်းမှာ iPhone 7 က အလွန်အမင်း အလုပ်များလာပြီး မနိုင်ဝန်တွေ ထမ်းလာ ရတဲ့အခါ အနောက်ဖက်က ရှဲရှဲဆိုုတဲ့ အသံတွေ ထွက်လာတဲ့ သူတွေ ရှိပါတယ် ဆိုပြီး recording တွေ နားထောင်လိုက်ရပါတယ်။ ဒါက ကျွန်တော်ထင်တယ် MacBook Pro မှာ loading များလာတဲ့အခါ vent ကနေ လေတွေထွက်ပြီး ရှဲရှဲနဲ့ အော်သလိုများ ဖြစ်လေမလား…. (သွားမလုပ်နဲ့ အဲ့တုန်းက ရှဲရှဲ အော်ပြီးနောက် ၊ ကျွန်တော့ အလုံးကတော့ screen ပျက်သွားပါလေရော … စကားမစပ် )
ဆိုတော့ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပြန်ဘူးဗျ။ ဂု ညနေလေးမှ လောလောလတ်လတ် ရတဲ့ သတင်းကတော့ အချို့သော iPhone 7 တွေမှာ Airplane Mode ဖွင့် ၊ ပြီးရင် ပြန်ပိတ်။ လုပ်မြဲ ထုံးစံ အတိုင်း ကိစ္စဖြစ်ပေမယ့် ထိုသို့လုပ်ပြီး သကာလ လိုင်းက ၄ လုံး အပြည့်ပြသော်ငြား ၊ အမှန်တကယ်တော့ ဘာ cellular ရော data ပါ ၊ ဘာ connection မှ မချိတ်ဘူး ဆိုတဲ့ ကိစ္စ ရှိလာပါတယ်။
ဒီလို ဖြစ်တဲ့သူတွေလည်း များနေပြီး ၊ Apple က လောလောဆယ်မှာ အဲ့လိုဖြစ်ရင် restart လုပ်ပါ ၊ အဲ့လိုမှ မကောင်းသေးရင် SIM Card ကို ထုတ်ပြီး ပြန်ထည့်ပါလို့ ညွှန်ကြား ထားပါတယ်ဗျ။ ညွှန်ကြားချက်က ချစ်စရာလေး …
သို့ပေမယ့် စိတ်မပျက်ပါနဲ့ ၊ warranty ရှိနေသမ ျှကာလပတ်လုံး ၊ ဒီလိုဖြစ်တဲ့ handset တွေကို ပြန်လဲ ပေးမယ်လို့လည်း သတင်းထွက်ပါသေးတယ်။ Sammy နောက်လိုက်လေး ဆိုပါတော့ …
ထို့အတူ Note 7 သုံးတဲ့ သူတစ်ယောက်က Samsung ကို တရားစွဲပါတယ်တဲ့ ။ အဘယ်ကြောင့် ဆိုသော် Note 7 က သူ့ဘောင်းဘီထဲမှာ ပေါက်ကွဲသွားလို့ပါ ဆိုပဲ … အဟက်ဟက် ….
ဒီနေ့တော့ အတင်းစုံ ကဏ္ဍက ဒီလောက်ပါပဲဗျာနော် 😛 😀
Source: 9to5Mac, CNet, MacRumour, Redmond Pie