Solo Travel Tips

အဖော်အပေါင်းမပါပဲ တစ်ယောက်တည်း ခရီးသွားတဲ့အခါ ကောင်းတဲ့ ကိစ္စတွေ အများကြီးရှိတယ်ဗျ။ ကိုယ်စိတ်မပါတဲ့ နေရာကို အတင်းလိုက်ပေးနေစရာ မလိုသလို ကိုယ်ပျော်တဲ့နေရာမှာ ကြာကြာနေလို့ ခရီးသွားဖော်ကို အားနာစရာ မလိုတဲ့ အားသာချက်တွေ ရှိသလို ၊ ညဖက် တည်းခိုခန်းမှာ ၁ ယောက်တည်း သရဲကြောက်ရတဲ့ အဖြစ်မျိုးတော့ ရှိတာပေါ့ ဟက် .. ဟက် ..
ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ယောက်တည်း solo travel လုပ်တဲ့အခါ သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို တူတူလေ့လာကြည့်လိုက်ရအောင်ဗျာ။
နီးနီးနားနားကို အရင်စဉ်းစားပါ
Solo travel လုပ်တဲ့ အကျင့်မရှိသေးရင် အရင်ဆုံး ဝေးလံခေါင်းဖျားတဲ့ နေရာတွေကို မစဉ်းစားသေးပဲ ကိုယ့်နေရာနဲ့ သိပ်အလှမ်းမဝေးတဲ့ နေရာတွေကို ရက်တို ခရီးသွားပြီး အရင်စမ်းသပ် လေ့ကျင့်ကြည့်ပါဗျာ။
သေချာ research လုပ်ပါ
သွားမယ့် နေရာနဲ့ ပတ်သက်လို့ Google ၊ Facebook စုံနေအောင် သိနိုင်သမျှ များများ ရှာဖတ်ထားပါ။ ဘယ်နားတွေ လည်ရင် ကောင်းမလဲ ဆိုတာချည်းပဲ မလေ့လာပဲ ၊ သွားမယ့်နေရာမှာ ဘယ်လို ပုံစံနဲ့ ခရီးသွားတွေကို လိမ်လည်တာတွေ ရှိတတ်လဲ ဆိုတာတွေပါ ထည့်ပြီး research လုပ်ပါဗျာ။
အင်တာနက်ကိုအားကိုးတာလဲ ကောင်းသလို ၊ သွားမယ့် နေရာမှာ ရှိတဲ့ local travel agent တွေကို ဆက်သွယ်ပြီး ကိုယ်သိချင်တာတွေ မေးပြီးတော့လဲ အဖိုးတန် အချက်အလက်တွေ ရနိုင်ပါတယ်ဗျာ။
အစပိုင်းရက်တွေအတွက် ကြိုတင်စီမံထားပါ
လိုရာခရီးရောက်မှ မီးစင်ကြည့်ကပြီး ဟိုသွား ဒီသွားလုပ်တာကောင်းပေမယ့် ၊ မလိုအပ်တဲ့ stress တွေ မတက်စေဖို့ ရောက်ခါစ ၁ ရက် ၂ ရက်အတွက် တည်းမယ့်နေရာ ၊ သွားချင်တဲ့ နေရာတွေကို မသွားခင်တည်းက ကြိုတင်စီစဉ်ထားပြီး ၊ ကျန်တဲ့ ရက်တွေကို ရောက်မှ ဆက်ပြီး စီစဉ်တာကလဲ ကောင်းတဲ့ ကိစ္စပါဗျာ။
အဖော်နဲ့လဲသွားလို့ရပါတယ်
Solo travel လို့ ဆိုလိုက်တိုင်း ခရီးစကနေ အဆုံးထိ တစ်ကိုယ်တည်းလှိမ့်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ ၂ ရက်တန်သည် ၃ ရက် တန်သည် လိုက်နိုင်တဲ့ သူငယ်ချင်းနဲ့ တူတူသွားပြီးမှ လမ်းခွဲတာ လုပ်နိုင်သလို ၊ သူငယ်ချင်းနဲ့ တူတူ သွားပြီး လိုရာခရီးရောက်မှ ကိုယ်စိတ်ပါရာ ကိုယ်လုပ်ကြတာမျိုးလဲ စီစဉ်လို့ရပါတယ်။
ဈေးကြီးတာတွေထားခဲ့ပါ
မသမာသူတွေ မျက်စိကျနိုင်လောက်တဲ့ ဈေးကြီးပစ္စည်းတွေကို အိမ်မှာ အပြီးထားခဲ့ပါ။ Low profile နဲ့ လိုတဲ့ပစ္စည်း လိုသလောက်ပဲ ထုတ်သုံးတာလဲ မလိုအပ်ပဲ အန္တရာယ်ကို လက်ရပ်ခေါ်မိတဲ့ အရေးကို ကင်းဝေးစေပါလိမ့်မယ်ဗျာ။
ယုံကြည်ချက်ရှိရှိသွားလာပါ
ကိုယ်ဘယ်ကိုသွားနေတယ်ဆိုတာ သိတဲ့ ပုံနဲ့ ယုံကြည်ချက်ရှိရှိ သွားလာပါ။ မှောင်တဲ့နေရာတွေကို ရှောင်ပါ။ မြေပုံကြည့်ဖို့လိုတယ်ဆိုရင်လဲ လမ်းလယ်ခေါင်မှာ ဖုန်း / မြေပုံ ထုတ်ပြီး လမ်းပျောက်နေပါတယ်ဆိုတာ ကြေငြာ မောင်းခတ် သလို မဖြစ်အောင် နီးစပ်ရာ ကော်ဖီဆိုင် ဖြစ်ဖြစ် ဝင်ထိုင် ၊ ကော်ဖီလေး ဘာလေး သောက် ၊ မြေပုံအေးဆေး လေ့လာပြီးမှ ဆက်သွားတာလဲ ကောင်းတဲ့ ကိစ္စပါဗျာ။
Dress like a local
ဖြစ်နိုင်ရင် သိပ်ပြီး ထူးခြားနေမယ့် အဝတ်အစားမျိုးကို ရှောင်ကျဉ်ပြီး ၊ သူသူငှာငှာ သွားလာ လှုပ်ရှားနေတဲ့ အဝတ်အစားမျိုးကို ဝတ်တာကောင်းပါတယ်။ အကယ်၍ ကိုယ်နဲ့ဘာသာစကား မတူတဲ့ နေရာကို သွားလည်မယ်ဆိုရင် အနည်းဆုံး နှုတ်ဆက် ၊ ကျေးဇူးတင် စကားလောက်နဲ့ အိမ်သာ ဘယ်နားမှာ ရှိလဲဆိုတဲ့ စကားလောက်ကို အရင် လေ့လာထားပါဗျာ။ (မယုံမရှိနဲ့နော …. တကယ်ကြုံတော့မှ ကျေးဇူးလာမတင်နဲ့ … ဟက်ဟက် )
ကျန်းမာရေးဂရုစိုက်ပါ
တစ်ယောက်တည်း ခရီးသွားရတာဖြစ်လို့ ကိုယ့်ကို ပြုစုဖို့လူလဲ မရှိတာကြောင့် ဖျားနာ နေရင်တော့ ဒုက္ခ တော်တော် များမယ့် ကိစ္စပါ။ ဒါကြောင့် ကောင်းကောင်း အနားယူ ၊ ကျန်းမာအောင်နေ။ တစ်ယောက်တည်း အေးဆေးပဲ ဆိုပြီး ညဖက် စွတ်သောက်ပြီး နောက်နေ့မှ ဒုက္ခ မများရအောင် ဂရုစိုက်ဦးဗျိုး ….
Acknowledgment: ဒီ post ကို REI.com ရဲ့ Solo Travel Tips ကို မှီငြမ်းရေးသားထားတာဖြစ်ပါတယ်ဗျာ။
Photos by: Porapak Apichodilok, pixabay, Jaime Reimer, Yogendra Singh from Pexels
Recommendations for you
-
Sold Out
-
Sold Out
-
Sold Out
-
Sold Out